
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၂၈ ရက်
ဧရာဝတီီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့သည် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်တင်စွန်းဘုရားသို့ သွားရောက်ကာ ကတြာချေမှုများများပြုလုပ်ခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အခြားဝန်ကြီးများအပါဝင် တိုင်းရဲတပ်ဖွဲ့မှူး တင်ဇော်ထွန်းတို့က မော်တင်စွန်းသို့ဘုရားသို့ ဒီဇင်ဘာလ ၂၆ ရက်နေ့ကသွားရောက်ပြီး ယတြာချေမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
” အဓိကတော့ ပီဒီအက်တွေဝင်လာမှာထက် အေအေ တွေဝင်လာမှာကို ဝန်ကြီးချုပ်က ကြောက်နေတာ၊ ခုက ငါးသိုင်းချောင်းတို့ သာပေါင်းတို့ အဲ့ဘက်တကျောမှာ အင်အားတွေပို့ပြီး ပိတ်ထားပေမယ့် သူနောက်ကျောမလုံသလိုဖြစ်နေပုံရတယ်။ သူရော အသစ်ရောက်လာတဲ့ နတခမှူးရော ပေါင်းပြီး ယတြာတွေချေနေတာ ၂ ခါရှိပြီ၊ ခုအခေါက်ကတော့ နတခမှူး မပါဘူး ဝန်ကြီးချုပ်နဲ့ တိုင်းရဲတပ်ဖွဲ့မှူး ပေါင်းလုပ်တာ”ဟု တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် အသစ်ရောက်ရှိလာသည့် စစ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးကျော်ထက်တို့သည် ပုသိမ်မြို့နှင့် ဧရာဝတီတိုင်းအတွင်း တိုက်ပွားမဖြစ်ပွားရေးအတွက် ရည်ရွယ်ပြီး ဂျိုးဖြူငှက်များလွှတ်ကာ ၂ ကြိမ်တိုင်တိုင် ယတြာချေခြင်းများပြုလုပ်ခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများ ဧရာဝတီတိုင်းသို့ ရောက်ရှိဖို့နီးကပ်လာချိန်တွင် ယခုလဆန်းပိုင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာအား ရခိုင်စစ်မျက်နှာပြင်အတွေ့အကြုံရှိသည့် ဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် အစားထိုးခြင်းပြုလုပ်ခဲ့သော်လည်း လက်တွေ့တွင် ရခိုင်စစ်မျက်နှာပြင်အကြောင်းသိသည့် ရခိုင်ပြန် ဗိုလ်မှူးချုပ် စိုးကျော်ထက်မှာ ဧရာဝတီတိုင်းသို့ အရက္ခတပ်တော်ဝင်ရောက်လာမည်ကို ၎င်းကိုတိုင်း ကြောက်ရွံနေကြောင်း တပ်တွင်းသတင်းများအရသိရသည်။
ထို့ကြောင်း တိုင်းဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းရဲတပ်ဖွဲ့မှူးတို့မှာ ၎င်းတို့၏ ဇနီးများလမ်းညွှန်သည့်အတိုင်း ဗေဒင်နှင့် အဆောင်လက်ဖွဲ့များပြုလုပ်ထားပြီး မကြာခဏဆိုသလို ဂျိုဖြူငှက်များ လွှတ်ကာ ယတြာချေခြင်းများပြုလုပ်နေကြောင်း တိုင်းအစိုးရအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
လက်ရှိအချိန်တွင် အရက္ခတပ်တော်(AA)မှ ဧရာဝတီတိုင်းနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဂွမြို့နယ်ကို တိုက်ခိုက်မှုများပြုလုပ်နေပြီး စစ်ရေးအရ အသာစီရနေသလို စစ်ကောင်စီတပ်သားများလည်း နေစဉ် ထိခိုက်မှုများနှင့် အလင်းဝင်မှုများရှိနေကြောင်း ဒေသခံများထံက သိရသည်။
#ဧရာဝတီတိုင်း #ဝန်ကြီးချုပ် #စစ်တိုင်းမှူး #နတခ #ရဲတိုင်းမှူး #တိုင်းတပ်ဖွဲ့မှူး #ယတြာ #ဧရာဝတီတိုင်းမ် #Ayeyarwaddy_Times