
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၇ ရက်
တရုတ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူတစ်ဉီးဟာ ကြာသပတေးနေ့က အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ် သို့ စစ်လက်နက်ရောင်းချမှုကို ရှုတ်ချခဲ့ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေရဲ့ လျှို့ဝှက်ပူး ပေါင်းကြံစည်မှုတွေနဲ့ ပြည်ပတိုင်းပြည်တွေရဲ့ စွက်ဖက်မှုကို ချေမှုန်းပစ်ဖို့ ကတိပြုလိုက်ပါတယ်။
ထိုင်ဝမ်က အမေရိကန်နိုင်ငံမှ ဝယ်ယူခဲ့တဲ့ တိုက်ပွဲဝင်တင့်ကားတွေ ရောက်ရှိလာပြီဆိုတဲ့ သ တင်းတွေနဲ့ပတ်သက်လို့ မေးမြန်းမှုကို တရုတ် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ ကျောင် ကျားဂန်က သတင်းစာရှင်းလင်းပွဲမှာ အခုလို ဖြေကြားခဲ့တာပါ။
“တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ တရုတ်-အမေရိကန် ပူးတွဲသဘောတူညီချက် (၃) ခုကို လိုက်နာ ဖို့၊ ထိုင်ဝမ်လွတ်လပ်ရေးကို မကူညီဘူးဆိုတဲ့ ကတိကဝတ်ကို လေးစားဖို့၊ ထိုင်ဝမ်သို့ စစ်လက်နက် ရောင်းချတာကို ချက်ချင်း ရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုကို ထိခိုက်စေတဲ့ အန္တရာယ်ရှိသောလုပ်ရပ်တွေ ရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” လို့ သူ က ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ အကူအညီနဲ့ လွတ်လပ်ရေးဖို့ ကြိုးပမ်းမှုဟာ အောင်မြင်မှာမဟုတ်ပဲ ထိုင်ဝမ် ကို တရုတ်ပြည်မနဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းမယ်လို့ ၎င်းက ဆက်ပြောပါတယ်။
အမေရိကန်စစ်လက်နက်တွေက ရေနစ်နေတဲ့သူကို ကယ်တင်နိုင်မယ့် မှော်ကောက်ရိုး ဖြစ်လာ မှာမဟုတ်ပေမယ့် စစ်မြေပြင်မှာ လွယ်ကူတဲ့ပစ်မှတ်တွေသာ ဖြစ်လာမယ်လို့ ကျောင်ကျားဂန်က ပြော ပါတယ်။
“တရုတ်စစ်တပ်ဟာ တိုက်ပွဲဝင်ရေးအသင့်ဖြစ်မှုနဲ့ တိုက်ခိုက်ရေးစွမ်းရည် တိုးတက်လာမှာဖြစ် ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားတွေရဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေနဲ့ ပြည်ပတိုင်းပြည် တွေရဲ့ စွက်ဖက်မှုကို ချေမှုန်းပစ်ပါမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – Xinhua
Ref; China condemns U.S. arms sales to Taiwan, vows to smash “Taiwan independence” moves
#Ayeyarwaddy_Times