ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၆ ရက်

အာတိတ်ပိုင်နက်နယ်မြေကို ဝယ်ယူလိုတဲ့ဆန္ဒရှိကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ် နယ်ထရမ့်က ထပ်လောင်းပြောကြားပြီးနောက် ဂရင်းလန်ကျွန်းအတွက် ကာကွယ်ရေးအသုံးစရိတ် တိုး မြှင့်ကြောင်း ဒိန်းမတ်အစိုးရက ကြေညာလိုက်ပါတယ်။

ဂရင်းလန်ကျွန်းကို ကာကွယ်ဖို့ စစ်ရေးအသုံးစရိတ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ တိုးမြှင့် မယ်လို့ ဒိန်းမတ် ကာကွယ်ရေးဝန်ကြီး ထရိုစ်ခလန်ပေါဆင်က ပြောပါတယ်။

ကြီးမားသော ဂရင်းလန်ကျွန်း ပိုင်ဆိုင်ခွင့်နဲ့ထိန်းချုပ်မှုဟာ အမေရိကန်နိုင်ငံအတွက် လုံးဝ လို အပ်တယ်လို့ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ဂရင်းလန်ကျွန်းမှာ အမေရိကန် အာကာသ တပ်ဖွဲ့စခန်းတစ်ခု ရှိသလို မြောက်အမေရိကတိုက်မှ ဉရောပတိုက်သို့ အတိုတောင်းဆုံးလမ်းကြောင်း ပေါ် တည်ရှိတာကြောင့် အမေရိကန်နိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါပါတယ်။

စစ်ရေးအသုံးစရိတ်ကြောင့် စစ်ဆေးရေးသင်္ဘောသစ် (၂) စင်း၊ တာဝေးသွားဒရုန်းတွေနဲ့ အခြား ကိရိယာတွေ ဝယ်ယူခွင့်ရှိလာမယ်လို့ ထရိုစ်ခလန်ပေါဆင်က ပြောပါတယ်။

ကာကွယ်ရေးဘတ်ဂျက်ကြောင့် ဂရင်းလန်ကျွန်းရဲ့မြို့တော် Nuuk ရှိ အာတိတ်ကွပ်ကဲမှုဌာနချုပ် မှာ ဝန်ထမ်းအင်အား တိုးလာမှာဖြစ်ပြီး F-35 အသံထက်မြန်သော ဂျက်တိုက်လေယာဉ်တွေ ဆင်းသက် ဖို့ အရပ်ဘက်လေယာဉ်ကွင်းတစ်ခုကို အဆင့်မြှင့်တင်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက ဒိန်းမိတ်နိုင်ငံပိုင် ဂရင်းလန်ကျွန်းကို ဝယ်ယူဖို့ ဒေါ်နယ်ထရမ့်က ၂၀၁၉ ခုနှစ် မှာ အကြံပြုခဲ့ဖူးပါတယ်။

ထိုအချိန်က ဒိန်းမတ်ဝန်ကြီးချုပ် မတ်တေးဖရက်ဒရက်ဆင်က ဒေါ်နယ်ထရမ့်ရဲ့အကြံကို ယုတ္တမ ရှိဘူးလို့ ပြောဆိုခဲ့တာကြောင့် ဒေါ်နယ်ထရမ့်ရဲ့ ဒိန်းမတ်သို့လာရောက်မယ့် ခရီးစဉ်တစ်ခုကို ပယ်ဖျက်ခဲ့ ရပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ဂရင်းလန်ကျွန်းကိုဝယ်ယူဖို့ အကြံပြုတဲ့ ပထမဆုံး အမေရိကန်သမ္မတတော့ မဟုတ်ပဲ အန်ဒရူးဂျွန်ဆင်ကလည်း ၁၈၆၀ ပြည့်နှစ်တွေမှာ အလားတူအကြံမျိုး ပေးခဲ့ဖူးပါတယ်။

ကိုးကား – BBC
Ref; Denmark boosts Greenland defence after Trump repeats desire for US control

#Ayeyarwaddy_Times