ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ၂၆ ရက်

၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့တဲ့ ယူကရိန်းနဲ့ရုရှားကြား စစ်ပွဲ ကို အဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ပါ တယ်။

ယူကရိန်းနဲ့ရုရှားကြား တာရှည်ခံသော ငြိမ်းချမ်းရေးရရှိနိုင်ရေး ဆွေးနွေးမှုပြုလုပ်မယ့် တံခါး ဖွင့် လှစ်ထားရမယ်လို့ ခရစ္စမတ်နေ့မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ယူကရိန်းနိုင်ငံဟာ ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှု ၁၈၄ ကြိမ်မှာ ပါဝင်ခဲ့တာကြောင့် ရုရှားနိုင်ငံက ယူကရိန်း စွမ်းအင်အဆောက်အအုံတွေကို တိုက်ခိုက်ပြီးနောက် သူက အခုလို မေတ္တာရပ်ခံခဲ့တာပါ။

ဒီနှစ်အစောပိုင်းမှာ ယူကရိန်းနိုင်ငံဟာ ပုပ်ရဟန်းမင်းကြီးရဲ့ စစ်ပွဲအဆုံးသတ်ရေး စေ့စပ်ညှိနှိုင်းဖို့ တောင်းဆိုချက်ကို ပယ်ချခဲ့ပါတယ်။

“စစ်ဘေးသင့်ယူကရိန်းမှာ သေနတ်သံတွေ တိတ်ဆိတ်ပါစေ” လို့ အသက် ၈၈ နှစ်အရွယ် ပုပ်ရ ဟန်းမင်းကြီးက စိန့်ပီတာရင်ပြင်မှာ ထောင်ချီတဲ့ပရိသတ်ကို ပြောပါတယ်။

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဟားမာစ်အဖွဲ့ ထိန်းသိမ်းထားတဲ့ ဓားစာခံတွေ လွတ် မြောက်စေဖို့လည်း ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့ပါတယ်။

“အစ္စရေး၊ ပါလက်စတိုင်းနဲ့ လူသားချင်းစာနာမှုအခြေအနေ အလွန်ကို ဆိုးရွားနေတဲ့ ဂါဇာဒေသ က ခရစ်ယာန်ဘာသာဝင်တွေအကြောင်း စဉ်းစားမိပါတယ်” လို့ သူက ဆိုပါတယ်။

၂၄ နှစ်ကြာ အာဏာရှိခဲ့တဲ့ သမ္မတ ဘာရှားအယ်လ်အာဆတ်ကို မကြာသေးမီက သူပုန်တွေ ဖြုတ်ချခဲ့ရာ ဆီးရီးယားနဲ့ လက်ဘနွန်နိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ရှိနေတယ်လို့လည်း ၎င်း က ပြောပါတယ်။

ကိုးကား – BBC
Ref; Pope urges negotiations to end Ukraine-Russia war

#Ayeyarwaddy_Times