ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ ရက်
အာရက္ခတပ်တော် (AA) က နယ်စပ်ဒေသကို ထိန်းချုပ်လိုက်ပြီဖြစ်ရာ ၂၇၁ ကီလိုမီတာ နယ်နိ မိတ်ထိစပ်နေတဲ့ မြန်မာနယ်စပ် ဘေးကင်းလုံခြုံဖို့ လိုအပ်တဲ့ အစီအမံအားလုံး လုပ်ဆောင်ဖို့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံက ကတိပြုလိုက်ပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံက နယ်စပ်လုံခြုံရေးအတွက် လိုအပ်တာမှန်သမျှ လုပ်ဆောင်သွားမှာဖြစ်ပါ တယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်ရာဇီကွယ်လ်အလမ်က အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် နယ်စပ်ပြဿနာတွေကို စီမံခန့်ခွဲဖို့ AA လိုမျိုး အစိုး ရမဟုတ်တဲ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံဖို့ ဘင်္ဂလားဒေ့ရှ်က စဉ်းစားနေပြီလားဆိုတဲ့ မေးမြန်းမှုကို သူ က အခုလို တုံ့ပြန်ခဲ့တာပါ။
လက်ရှိမှာ AA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ထိစပ်နေတဲ့ ၂၇၁ ကီလိုမီတာနယ်စပ်တစ်ခုလုံးကို ထိန်းချုပ်ထားပြီဖြစ်လို့ ရခိုင်ပြည်နယ်မှာ အာဏာအရှိဆုံး အဖွဲ့အစည်း ဖြစ်လာပါတယ်။
နှစ်နိုင်ငံနယ်စပ်တစ်လျှောက် စစ်အင်အားတိုးမြှင့်ဖို့ ဖြစ်နိုင်စွမ်းရှိ မရှိ မေးမြန်းရာမှာ “ဒီဆုံးဖြတ် ချက်ချဖို့ ကျွန်တော်တို့ ရက်အနည်းငယ်ကြာအောင် စောင့်ဆိုင်းရပါမယ်” လို့ သူက ဖြေပါတယ်။
ဒါကာက နယ်စပ်ထိန်းချုပ်ရေးပြဿနာတွေကို ဖြေရှင်းရာမှာ AA လိုမျိုး အစိုး ရမဟုတ်တဲ့အဖွဲ့ အစည်းနဲ့ ထိတွေ့ဆက်ဆံမှု မပြုလုပ်နိုင်ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တူ ဟစ်ဟူစိန်က တနင်္လာနေ့မှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေကို ဝင်ရောက်ခွင့်မပြုနိုင်တော့ဘူးလို့ မိုဟာမက် ရာဇီကွယ်လ်အလမ်က ဆိုပါတယ်။
ရိုဟင်ဂျာမူဆလင် ၄၀၀၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ ၎င်း က ခန့်မှန်းပါတယ်။
ကိုးကား – BSS News
Ref; Bangladesh to do whatever good for border security with Myanmar: Spokesperson
#Ayeyarwaddy_Times