
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
ရိုဟင်ဂျာတွေကို အဝင်မခံတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး ပြီး ခဲ့တဲ့ (၂) လအတွင်း ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀၀ ဝန်းကျင် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
“လက်ရှိအခြေအနေအရ ကျွန်တော်တို့ ရိုဟင်ဂျာတွေကို အဝင်မခံတော့ပါဘူး” လို့ ပြည်ထဲရေး ဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဂျာဟန်ဂါအလမ်ချောင်ဒူရီက ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
“မြန်မာနယ်စပ်ကို အာရက္ခတပ်တော် (AA) က အလုံးစုံ ထိန်းချုပ်ထားပါတယ်။ AA နဲ့ အလွတ် သဘော ထိတွေ့ဆက်ဆံမှုပြုလုပ်ဖို့ ဖြစ်နိုင်ပေမယ့် တရားဝင် ဆွေးနွေးမှုတွေပြုလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ ရိုဟင်ဂျာအရေး ဖြေရှင်းနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေပါတယ်” လို့ ၎င်းက ဆိုပါ တယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားရပြီး အများစု ဟာ မြန်မာစစ်တပ်ရဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထွက်ပြေးလာသူတွေဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ တရားမျှတမှု၊ တန်းတူညီမျှမှု၊ ငြိမ်းချမ်းသော အတူယှဉ်တွဲနေထိုင်မှုနဲ့ အားလုံးပါဝင်သော အုပ်ချုပ်မှုရရှိ ရေး ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက တနင်္လာနေ့မှာ တောင်းဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အခွင့်အရေးကို လေးစားသမှုရှိဖို့ ရိုဟင်ဂျာအဖွဲ့အစည်း (၂၈) ခုက ပူးတွဲထုတ်ပြန်ချက်တစ်ခုအတွင်း တောင်းဆိုခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Bangladesh will no longer allow Rohingya to enter its territory: Official
#Ayeyarwaddy_Times