ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

နယ်စပ်နဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကို တောင်းဆိုခဲ့ပြီး နယ် စပ်ဒေသထိန်းချုပ်ရေးနဲ့ပတ်သက်လို့ အာရက္ခတပ်တော် (AA) လိုမျိုး နိုင်ငံ့အစိုးရမဟုတ်သူတွေနဲ့ စေ့ စပ်ညှိနှိုင်းမှုတွေ မပြုလုပ်နိုင်ဘူးလို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် တူဟစ်ဟူစိန်က စစ်ကောင်စီဝန်ကြီးကို အခုလို သတင်းစကားပါးခဲ့ တာပါ။

“နယ်စပ်ဒေသဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ ကျွန်တော်က မြန်မာ ကို အကြောင်းကြားခဲ့ပါတယ်။ နယ်စပ်ဒေသကို အာရက္ခတပ်တော် (AA) လိုမျိုး နိုင်ငံ့အစိုးရမဟုတ်သူ တွေက ထိန်းချုပ်ထားပါတယ်။ အချုပ်အခြာအာဏာပိုင် တိုင်းပြည်တစ်ခုအနေနဲ့ ကျွန်တော်တို့ AA နဲ့ စေ့စပ်ညှိနှိုင်းမှု မပြုလုပ်နိုင်ပါဘူး။ နယ်စပ်၊ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကို ဖြေရှင်း ဖို့ မြန်မာနိုင်ငံက နည်းလမ်းရှာရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အဆိုပါပြဿနာတွေကို ဖြေရှင်းနိုင်ရေး နယ်စပ်ကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာ စစ်ကောင်စီက သူ့ကို အကြောင်းကြားခဲ့တယ်လို့ တူဟစ်ဟူစိန်က ပြောပါတယ်။

ဗန်ကောက်ဆွေးနွေးပွဲမှာ နယ်စပ်၊ မူးယစ်မှောင်ခိုမှု၊ လက်နက်မှောင်ခိုကူးမှု၊ လူမှောင်ခိုကူးမှုနဲ့ မြန်မာ့နိုင်ငံရေးအနာဂတ်ဆိုတဲ့ အဓိကပြဿနာတွေကို အလေးထား ဆွေးနွေးခဲ့တယ်လို့ သူက ဆက် ပြောပါတယ်။

ရိုဟင်ဂျာပြဿနာ အဖြေမရှာဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု မရနိုင်ဘူးလို့ အစည်းအ ဝေးမှာ သူက ထောက်ပြခဲ့ပါတယ်။

“နယ်စပ်နှစ်ဘက်စလုံးနဲ့ ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်ကောင်တွေ ရှိနေပြီး ဒါကို စိုးရိမ်တယ် လို့ ကျွန်တော်က မီးမောင်းထိုးပြခဲ့ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ပြည်တွင်းရေး ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း အစည်းအ ဝေး တက်ရောက်သူအားလုံးက ထုတ်ဖော်ပြောခဲ့တယ်လို့ သူက ပြောပါတယ်။

ကိုးကား – BSS News
Ref; Bangladesh urges Myanmar to resolve border issue

#Ayeyarwaddy_Times

S