
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
အမေရိကန်နိုင်ငံရဲ့ ထိုင်ဝမ်သို့ စစ်ရေးအကူအညီပေးမှုနဲ့ စစ်လက်နက်ရောင်းချမှုကို တရုတ်နိုင် ငံက အပြင်းအထန် ဆန့်ကျင်ပြီး ကန့်ကွက်ထားတယ်လို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
ထိုင်ဝမ်သို့ ဒေါ်လာ ၅၇၁ သန်းကျော်တန်ကြေးရှိ စစ်ရေးအကူအညီပေးမယ်လို့ အိမ်ဖြူတော်က ဒီဇင်ဘာလ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်သို့ ဒေါ်လာ ၂၉၅ သန်းတန်ကြေးရှိ စစ်လက်နက်တွေ ရောင်းချဖို့ အတည်ပြုခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီနေ့မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ထိုင်ဝမ်သို့ စစ်ရေးအကူအညီပေးတာနဲ့ စစ်လက်နက်တွေ ရောင်းချတာဟာ ‘တရုတ်တစ်နိုင်ငံတည်းမူဝါဒ’၊ နှစ်နိုင်ငံကြား သဘောတူညီချက် (၃) ခု၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာ ဏာနဲ့ လုံခြုံရေးကို ချိုးဖောက်ရာကျတယ်လို့ တရုတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
အဆိုပါဆုံးဖြတ်ချက်ဟာ အမေရိကန်ခေါင်းဆောင်တွေရဲ့ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံ ဘူးဆိုတဲ့ ကတိကဝတ်ကို ချိုးဖောက်မှုဖြစ်ပြီး ခွဲထွက်ရေးတပ်ဖွဲ့အတွက် မှားယွင်းသော အချက်ပြမှုတစ် ခုလို့ ၎င်းက ပြောပါတယ်။
ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်ပြီး တရုတ်-အမေရိကန်ဆက်ဆံရေးမှာ စည်း မကျော်သင့်ဘူး သူက သတိပေးပါတယ်။
“လက်နက်တပ်ဆင်ပေးပြီး ထိုင်ဝမ်လွတ်လပ်ရေးကို ကူညီတာဟာ မီးနဲ့ကစားသလိုဖြစ်ပြီး အ မေရိကန်နိုင်ငံလည်း မီးလောင်ခံရမှာဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ထိုင်ဝမ်ကို လက်နက်တပ်ဆင်တာ ချက်ချင်းရပ်တန့်ဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှု ထိခိုက်စေတဲ့ အန္တရာယ်ရှိသောလုပ်ရပ်တွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံကို တိုက်တွန်းတယ်လို့ သူက ပြောပါတယ်။
“နိုင်ငံ့အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုကို ခိုင်မာစွာ ကာကွယ်ဖို့ တ ရုတ်နိုင်ငံက လိုအပ်တဲ့ အစီအမံအားလုံး လုပ်ဆောင်သွားမှာပါ” လို့ ၎င်းက ကတိပြုပါတယ်။
ကိုးကား – Xinhua
Ref; China strongly deplores, firmly opposes U.S. military assistance, arms sales to Taiwan: spokesperson
#Ayeyarwaddy_Times