ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်တဲ့ သတင်း တွေထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံရဲ့အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ အိန္ဒိယက ပြော ပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံတွင်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီဂျိုင်စ်ဝယ်လ်က ပုံမှန်မီဒီယာရှင်းလင်းပွဲမှာ ပြောပါ တယ်။

အိန္ဒိယနိုင်ငံဟာ ဧပြီလအတွင်း စစ်တွေမြို့ရှိ ကောင်စစ်ဝန်ရုံးမှဝန်ထမ်းတွေကို ရန်ကုန်မြိုသို့ ရွှေ့ပြောင်းခဲ့ပေမယ့် ကောင်စစ်ဝန်ရုံးက ဆက်လက်လည်ပတ်နေတယ်လို့ သူက ထောက်ပြပါတယ်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆက်လက် ဖော်ဆောင်ရမယ့် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း တွေ ရှိနေပါတယ်။ ဒီစီမံကိန်းတွေအားလုံးဟာ အိန္ဒိယနိုင်ငံမှ ချေးငွေအခြေပြုစီမံကိန်းတွေဖြစ်ပြီး မြန်မာ ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် ဗီကရမ်မစ်ဆရီဟာ မြန်မာ့အရေး အလွတ်သဘော ဆွေး နွေးပွဲမှာ တက်ရောက်ဖို့ ကြာသပတေးနေ့က ထိုင်းနိုင်ငံသို့ သွားရောက်ကာ အိန္ဒိယနိုင်ငံရဲ့ရပ်တည်ချက် ကို ရှင်းပြခဲ့တယ်လို့ သူက ဆိုပါတယ်။

“မြန်မာ့အရေးမှာ ကျွန်တော်တို့ရဲ့ရပ်တည်ချက်က ရှေ့နောက်ညီညွတ်ပါတယ်။ အကြမ်းဖက် အားလုံး ရပ်ဆိုင်းဖို့၊ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရှိဖို့၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူ ထောင်မှုမှတစ်ဆင့် တိုင်းရင်းသားအရေး အဖြေရှာဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပါတယ်” လို့ ရန်ဒီဂျိုင်စ် ဝယ်လ်က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ စောလျင်စွာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရရှိနိုင်ရေး သက်ဆိုင်သူအားလုံးရဲ့ အမြင် တွေကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ တည်ငြိမ်မှု ပြန်လည်ရရှိရေးလုပ်ငန်းစဉ်ကို မြန်မာကိုယ်တိုင် ဉီး ဆောင်သင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

အိမ်နီးချင်းတိုင်းပြည်တွေဟာ မြန်မာ့အရေး အထူးစိုးရိမ်နေကြတယ်လို့ သူက ပြောခဲ့ပေမယ့် အ သေးစိတ်တော့ မရှင်းပြခဲ့ပါဘူး။

ကိုးကား – Hindustan Times
Ref; Watching developments in Myanmar, says India as rebels capture military command

#Ayeyarwaddy_Times