ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာစစ်ကောင်စီက လာမယ့်နှစ်မှာပြုလုပ်မယ့် ရွေးကောက်ပွဲ မှာ သက်ဆိုင်သူအားလုံးကို ပါဝင်စေလိုတယ်လို့ ထိုင်းနိုင်ငံက ပြောကြားခဲ့တယ်လို့ ထိုင်း တာဝန်ရှိသူ တွေက သောကြာနေ့မှာ ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အာဆီယံအဖွဲ့က သက်ဆိုင်သူအားလုံးပါဝင်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်စေချင်တယ်” လို့ အာဆီယံအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီးတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံပြီးနောက် ဗန် ကောက်မြို့တော်မှာပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီရမ်ပွန်ဆာ က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ ဒီသီတင်းပတ်အတွင်း မြန်မာ့အိမ်နီးချင်းတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ တက် ရောက်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ (၂) ခုကို လက်ခံကျင်းပခဲ့ပါတယ်။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေဟာ ဆွေးနွေးပွဲသို့ တက်ရောက်သူတွေကို စစ်ကောင်စီရဲ့ နိုင်ငံရေးလမ်းညွှန်မြေပုံနဲ့ ရွေးကောက်ပွဲကျင်းပရေး စီစဉ်ထားမှုတွေကို ရှင်းပြခဲ့ပါတယ်။ အတိုက်အခံအင်အားစုတွေ မပါဝင်တာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်ရွေး ကောက်ပွဲလို့ ဝေဖန်သူတွေက ပယ်ချခဲ့ပါတယ်။

“ပဋိပက္ခအဖြေရှာရေးမှာ မြန်မာနိုင်ငံကို ပံ့ပိုးကူညီမယ်လို့ အိမ်နီးချင်းတိုင်းပြည်တွေက ပြောပေ မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အားလုံးပါဝင်သော ရွေးကောက်ပွဲဖြစ်ရမယ်လို့ ဆိုပါတယ်။ မြန် မာ့အိမ်နီးချင်းတွေက အကြံပြုတာသာဖြစ်ပြီး ပြည်တွင်းရေးမှာ စွက်ဖက်တာမဟုတ်ပါဘူး” လို့ မာရစ်က ပြောပါတယ်။

အိမ်နီးချင်းတိုင်းပြည်တွေရဲ့ ကြိုးပမ်းမှုက အာဆီယံအဖွဲ့ရဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် (၅) ရပ်ကို အထောက်အကူဖြစ်စေမယ်လို့ သူက ဆိုပါတယ်။

သောကြာနေ့ အစည်းအဝေးမှာ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပရေး အစီအစဉ်ကို ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Bolbongse Vangphaen က ပြော ပါတယ်။

အာဆီယံအဖွဲ့ဟာ မြန်မာစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် အသေးစိတ်အစီအစဉ်ကို စောင့်ဆိုင်းနေပြီး တရုတ်လိုမျိုး ဒေသတွင်းအင်အားကြီးတိုင်းပြည်ရဲ့ ထောက်ခံမှုနဲ့အတူ ရွေးကောက်ပွဲ အပေါ် ဘုံရပ်တည်ချက်တစ်ခုရှာဖွေဖို့ လိုအပ်မယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အဖွဲ့အစည်းအားလုံးက ပံ့ ပိုးကူညီသင့်တယ်လို့ ဗန်ကောက်မြို့မှာပြုလုပ်တဲ့ ကြာသပတေးနေ့ အစည်းအဝေးမှာ တရုတ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဆွန်ဝေတုံက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှ အဖွဲ့အစည်းအားလုံးဟာ သဘောထားကွဲပြားမှုတွေကို တွေ့ဆုံမှု၊ စေ့စပ်ညှိနှိုင်းမှု တွေကနေတစ်ဆင့် ဖြေရှင်းသင့်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Reuters
Ref; Asean will want inclusive Myanmar election, Thailand says

#Ayeyarwaddy_Times