ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဌ ဦးသန်းညိန်း၊ ဗဟိုဘဏ်ဒုဥက္ကဌ ဦးဝင်းသော်၊ လဝက ဝန်ကြီး ဦးခင်ရီနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့- ၂ ဝန်ကြီး ဦးချစ်နိုင်တို့ကို လက်ရှိရာထူးကဖြုတ်ချပြီး အနားပေးလိုက်တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံထားရတဲ့ ဗဟိုဘဏ် ဒုဥက္ကဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဌနေရာခန့်ထားခဲ့ပြီး ဒုဥက္ကဌအသစ်အဖြစ် ဦးဇော်မြင့်နိုင်ကို ခန့်အပ်တယ်လို့ထုတ်ပြန်ပါတယ်။

လဝကဝန်ကြီး ဦးခင်ရီအစား ယခင်အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကိုအစားထိုးခဲ့ပြီး ဦးချစ်နိုင် (စိတ်ပညာ)ရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဌာန – ၂ ကိုတော့ဖွဲ့စည်းခြင်းမရှိတော့ဘဲရုတ်သိမ်းခဲ့တာပါ။

ဗဟိုဘဏ်ဥက္ကဌဖြစ်လာတဲ့ ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရန်ကုန်မြို့ကသူ့ရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး အတွင်းလူနာအဖြစ်ကုသပေးခဲ့ရာကနေပြန်လည်ကောင်းမွန်လာတာပါ။