ဇွဲနိုင်/ဧရာဝတီတိုင်းမ်
​(ရေဖြူ)၊ သြဂုတ်လ ၁၉ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဘက်မှ ရေဖြူမြို့သို့ ကားနှင့်အစည်းအဝေးသွားတက်ရောက်ရန်သွားသည့် ရဲနှင့်ပျူစောထီးများ မိုင် ၄၀ အနီးတွင် ဒီကနေ့ သြဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရသည်။

“ဒီနေ့မနက် ၈ နာရီဝန်းကျင်မှာဖြစ်ပြီးအသံကတော့တော်တော်ကြမ်းတယ်။ မြေကြီးပါတုန်တယ် အထိအခိုက်လည်းများနိုင်ပီး သေဆုံးမှုများလည်း ရှိနိုင်တယ် လတ်တလောရဲအရာရှိတဦးလဲအရမ်းဆိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်။ကားပေါ်ပါလာတာတွေက ရဲအရာရှိတဦးနဲ့ရဲအခြားအဆင့် ပျူစောထီးတွေပါပဲ ဒီလမ်းတွေက စစ်ကောင်စီတပ်တွေဆိုရင် မကြာခဏ မိုင်းဆွဲခံရလေ့ရှ်ိပါတယ်” လို့ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ခိုက်ခံရသည့်ကားမှာ ပယကျေးရွာမှ ပျူစောထီးခေါင်းပု၏ကားဖြစ်ပြီး ၎င်းတို့စီးနင်းလိုက်ပါလာသည့်ကားမှာ သုံး၍မရအောင် ပျက်စီးသွားလို့ အခင်းဖြစ်ပွားရာနေရာမှာပဲ ထားခဲ့ရတယ်လို့ ဒေသခံတွေကပြောသည်။

အဆိုပါ ကားအတွင်းတွင် ခြောက် ဦးခန့် စီးနင်းလိုက်ပါလာပြီး ကံပေါက်နယ်မြေရဲစခန်းမှ ရဲအရာရှိတဦးမှာ ပေါင်ရင်းကိုထိမှန်ဒဏ်ရာနှင့် စိုးရိမ်ရသည့် အခြေအနေမှာရှိနေပြီး ကျန်သူများမှာ မှန်ကွဲစထိမှန်ဒဏ်ရာနဲ့ ပေါင်ကိုကျည်ထိမှန်ဒဏ်ရာများရရှိခဲ့တယ် လို့ ဒေသခံတွေထံကသိရှိရသည်။

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များနှင့်ပျူစောထီးဒဏ်ရာရရှိသူများကို ကလိန်အောင်မြို့ ဆေးရုံမှတစ်ဆင့် ကံပေါက်မောရဝတီရေတပ်စခန်းဌာနချုပ်ဆေးရုံများသို့ ပို့ဆောင်ထားပြီး ၎င်းတိုက်ခိုက်မှုဟာ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ကိုတော့ မသိရသေးကြောင်း ဒေသခံတွေ ပြောပြချက်အရသိရသည်။