
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
အာဆီယံအဖွဲ့ဟာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်တာထက် မြန်မာ့အရေး ဖြေ ရှင်းနိုင်မယ့် ယုံကြည်လောက်သောနည်းလမ်းတွေကို အပြောင်းအလဲမရှိ ဉီးစားပေးနေတယ်လို့ အင်ဒိုနီး ရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို အသိအမှတ်မပြုပါဘူး” လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရိုလီယန်ယာဆိုမီရတ်က ပြောပါတယ်။
ပဋိပက္ခအဆုံးသတ်ရေးအပြင် ဘုံသဘောတူညီချက် (၅) ရပ် ဖော်ဆောင်ရေး မြန်မာ့အရေး သက်ဆိုင်သူအားလုံး ဆွေးနွေးမှုတွေ ပြုလုပ်နိုင်ဖို့ အာဆီယံအဖွဲ့က ဆက်လက်အားပေးမယ်လို့ သူက အတည်ပြုပါတယ်။
တွေ့ဆုံဆွေးနွေးမှုနဲ့ စေ့စပ်ညှိနှိုင်းမှုလိုမျိုး အခြား ဖျောင်းဖျတဲ့နည်းလမ်းတွေ အသုံးမချနိုင်မှ သာ နောက်ဆုံးအားထားစရာအဖြစ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အသုံးချနိုင်မယ်လို့ ၎င်းက ဆိုပါတယ်။
အပြစ်မဲ့ပြည်သူတွေ အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးဖို့ မျက်စိစုံမှိတ်ပြီး ဒဏ်ခတ်ပိတ်ဆို့မှု တွေ မပြုလုပ်သင့်ဘူးလို့ သူက ဆက်ပြောပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ တိုင်းပြည်တစ်ခုကိုသာ ဒဏ်ခတ်ပိတ် ဆို့သင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံက ယူဆကြောင်း ရိုလီယန်ယာဆိုမီရတ်က ပြောပါတယ်။
ဒေသတွင်းအစည်းအဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်ကိုသာ တက်ရောက်ဖို့ ခွင့်ပြုမှုအပြင် မြန်မာနိုင်ငံကို ၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဉက္ကဌ တာဝန်ကနေ ရပ်ဆိုင်းကာ ဖိလစ်ပိုင်နဲ့အစားထား ဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီမှာ ပဋိပက္ခဖြေရှင်းဖို့ အိမ်စာလုပ်စရာတွေ ရှိနေသေးပြီး ဘယ်သူက အာဆီ ယံအစည်းအဝေးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ အမှန်တစ်ကယ် ထိုက်တန်လဲဆိုတာ ဒီဆုံးဖြတ်ချက် က ပြသနေပါတယ်” လို့ သူက ရှင်းပြပါတယ်။
မြန်မာ့အရေး ဆွေးနွေးဖို့ ဒီဇင်ဘာလ ၂၀ ရက်မှာ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တော်မှာကျင်းပမယ့် အလွတ်သဘော ဆွေးနွေးပွဲမှာ အင်ဒိုနီးရှားနိုင်ငံ တက်ရောက်မယ်လို့ သူက ကတိပြုပါတယ်။
ကိုးကား – Antara News
Ref; ASEAN focus on persuasion to resolve Myanmar crisis: RI
#Ayeyarwaddy_Times