
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ရက်
အမ်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ)တွင် နောက်ဆုံးကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချကြရန် အာရက္ခတပ်တော် (AA) က နောက်ဆုံးအချိန်ပေးခဲ့ကြောင်း သိရသည်။
AA သည် ယနေ့ ဒီဇင်ဘာ ၁၈ရက် နေ့လယ် ၁၂နာရီက နပခ အတွင်းကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့များ လက်နက်ချကြရန် နေ့လယ် ၂နာရီအထိ အချိန်ပေးစောင့်ဆိုင်းခဲ့ကြောင်း သိရသည်။
“နေ့လယ် ၁၂နာရီကနေ ၂နာရီအတွင်းလက်နက်ချကြဖို့ AAက လော်စပီကာနဲ့အော်တယ်။ အလံဖြူ ထောင်ထွက်လာသူတွေရှိသလို ပြန်ပစ်နေတဲ့အဖွဲ့လည်းရှိတယ်။ လေယာဉ်ကလည်း လာပစ်တယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ လက်နက်ချ၍ ထွက်လာသူများတွင် စစ်ဆေးဆရာဝန် ဗိုလ်ကြီးများပါ ပါဝင်ကြောင်း ရခိုင်ဒေသတွင်း သတင်းများကတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနှင့်ချီ၍ လက်နက်ချသည့် ရုပ်သံဖိုင်ကို AAက ဒီဇင်ဘာ ၁၆ရက်နှင့် ဒီဇင်ဘာ ၁၇ရက် ၂ ရက်ဆက်တိုက် ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် နပခအတွင်း၌ စစ်ကောင်စီအရာရှိအချို့နှင့် တပ်ဖွဲ့ဝင်များသည် AA ၏ ပိတ်ဆို့ တိုက်ခိုက်ခြင်းကိုခံနေရပြီး လက်နက်မချဘဲ ခဲယမ်းကုန်သည်အထိ ပြန်ခံချနေကြောင်း သိရသည်။
စစ်ကောင်စီက နပခအတွက် လိုအပ်သည့် လက်နက်၊ ခဲယမ်းများကို ရဟတ်ယာဉ်များနှင့် ပို့ဆောင် နေသော်လည်း အထုပ်များမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်ထဲမရောက်ဘဲ AAကသာရရှိ နေကြောင်း သိရသည်။
#အမ်း #နပခ #အဆုံးသတ်တိုက်ပွဲ #စစ်ကောင်စီ #လက်နက်ချရန် #AA #တိုက်တွန်း #Ayeyarwaddy_Times