
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာလ ၁၆ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလ ၁၆ ရက်နေ ညပိုင်း အမည်မသိယာဉ်တစ်စီး ကောင်းကင်ကနေဖြတ်သန်းသွားကြောင်း ဒေသခံများထံမှ သိရသည်။
ပုသိမ်မြို့ပေါ်ရပ်ကွင်များမှ အဆိုပါယာဉ်ဖြတ်သန်းသွားသည်ကို ည ၇ နာရီ ဝန်းကျင်တွင် တွေ့လိုက်ရကြောင်း ဒေသခံများမှ ပြောသည်။
“ ညအိပ်ဖို့အပေါထသွားရင်တွေ့လိုက်တာ။ ဒီဘက်က အိမ်နောက်ဘက်လယ်ကွင်းဆိုတာ အကြာကြီးတွေ့လိုက်ရတယ်။ မီးအလင်းရောင် အနီရောင်ပုံစံမျိုးနဲ့ အသံမထွက်ဘဲ တဖြည်းဖြည်းမောင်းသွားတာ”ဟု အမှတ် ၆ ရပ်ကွက်နေ ဒေသခံ အသက် ၃၀ အရွယ် အမျိုးသမီးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပုသိမ်မြို့ပေါ်ကောင်းကင်မှ ဖြတ်သန်းသွားသည့် အဆိုပါယာဉ်သည် အသံမထွက်ဘဲ မီးရောင်ဖြာထွက်ကာ အနောက်ဘက်အရပ်သို့ ထွက်ခွါသွားကြောင်း ဒေသခံများမှ ပြောသည်။
“အချိန်အတိကျဆို ည ၇ နာရီလောက်ဖြစ်မယ်။ လေယာဉ်တို့ ဒရုန်းတို့မဟုတ်ဘူး ဘာမှန်းမသိတဲ့ ယာဉ်ပါ”ဟု အမှတ် ၈ ရပ်ကွက်နေ အသက် ၂၀ ကျော်အရွယ် အမျိုးသားတဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
ပုသိမ်မြို့ပေါ်ကောင်းကင်ဖြတ်သန်းသွားသည့် အဆိုပါ အမည်မသိယာဉ်ကို အာကာသယာဉ်၊ ဥက္ကာပျံယာဉ် စသည်ဖြင့် ဒေသခံများအကြားအသုံးပြုသည် ဆိုရှယ်မီဒီယာဂရုများတွင် သုံးသပ်ပြောဆိုနေကြသည်။
(ဖုန်းလိုင်းအခဲအခက်ကြောင့် ၁၀ နာရီဝန်းကျင် သတင်းဖော်ပြခဲ့မှုအား ည ၇ နာရီဝန်းကျင်အချိန်ဟု ပြောင်းလဲဖော်ပြထားပါသည်)
#ဧရာဝတီတိုင်း #ပုသိမ်မြို့ #အမည်မသိယာဉ် #Ayeyarwaddy_Timesး