ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

အမေရိကန်နိုင်ငံမှ ပထမအသုတ် M1 Abrams ပင်မတိုက်ပွဲဝင်တင့်ကားတွေ ထိုင်ဝမ်သို့ ရောက် ရှိလာခဲ့ပြီလို့ သိရပါတယ်။

အဆိုပါတင့်ကားတွေဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ်နယ်ထရမ့်ရဲ့ ပထမအကြိမ် သက်တမ်းအတွင်း ထိုင်ဝမ်သို့ရောင်းချဖို့ အတည်ပြုခဲ့တဲ့ တင့်ကား (၁၀၈) စင်းအနက် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

တနင်္လာနေ့မနက်ပိုင်းက ဆင်ချူးစီရင်စုရှိ ကြည်းတပ် သံချပ်ကာလေ့ကျင့်ရေးဌာနချုပ်မှာ M1 Abrams ပင်မတိုက်ပွဲဝင်တင့်ကား (၃၈) စင်း ရောက်လာခဲ့တယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

၁၂၀ မီလီမီတာ သေနတ်တပ်ဆင်ထားတဲ့ M1A2T Abrams တင့်ကားတွေဟာ တိုက်ပွဲဝင်စွမ်း ရည် မြင့်မားပြီး တစ်နာရီကို ၆၇ ကီလိုမီတာအထိ အမြန်ဆုံး ရောက်ရှိနိုင်တယ်လို့ ထိုင်ဝမ် ကာကွယ် ရေးဝန်ကြီးဌာနက ဆိုပါတယ်။

အမေရိကန်နိုင်ငံက ၂၀၂၅ ခုနှစ်မှာ M1A2T Abrams တင့်ကား (၄၂) စင်းနဲ့ ၂၀၂၆ ခုနှစ်မှာ (၂၈) စင်း ပေးအပ်မယ်လို့ ထိုင်ဝမ်မီဒီယာတွေက ဖော်ပြပါတယ်။

ထိုင်ဝမ်ဟာ စစ်တပ်ကို ခေတ်မီလက်နက်တပ်ဆင်ဖို့နဲ့ ကာကွယ်ရေးစွမ်းပကား တိုးမြှင့်စေဖို့ ခေတ်မီတင့်ကားတွေ ဝယ်ယူခဲ့ပါတယ်။

တရုတ်နိုင်ငံကလည်း ထိုင်ဝမ်အပေါ် စစ်ရေးဖိအားပေးမှု အရှိန်မြှင့်နေပြီး သမ္မတ လိုင်ချင်တေး ကို ခွဲထွက်ရေးသမားတစ်ဉီးအဖြစ် သတ်မှတ်ထားပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာလအ တွင်း ထိုင်ဝမ်အနီး စစ်သင်္ဘောတွေ၊ ကမ်းခြေစောင့်ရေယာဉ်တွေ စေလွှတ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; First batch of M1 Abrams main battle tanks arrives in Taiwan from US

#Ayeyarwaddy_Times