ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်

ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယာပွန်ဆာဟာ ဖမ်းဆီးခံ ထိုင်းတံငါသည် (၄) ဉီး လွတ် မြောက်ရေးအတွက် လာမယ့်ကြာသပတေးနေ့မှာ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေး မှုတွေ ပြုလုပ်မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဖမ်းဆီးခံ ထိုင်းတံငါသည် (၄) ဉီး နေရပ်ပြန်ပို့ရေး လုပ်ဆောင်နေတယ်လို့ ထိုင်း-မြန်မာ နယ် ခြားကော်မတီ (TBC) ကို ကိုးကားပြီး ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် သာနာ သစ်ဆာဝမ်ဆန်က ပြောပါတယ်။

ထိုင်းတံငါသည်တွေ လွတ်မြောက်ရေး ကြန့်ကြာနေတာ ဉပဒေပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ ကြောင့်လို့ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက မြန်မာစစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်နဲ့ ထိုင်း နိုင်ငံဆိုင်ရာ မြန်မာစစ်ကောင်စီ သံအမတ်ထံမှ သိခဲ့ရတယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပတ်နီးပါးကြာ ထိန်းသိမ်းခံထားရတဲ့ ထိုင်းတံငါသည်တွေ လွတ်မြောက်ရေး အတွက် ထိုင်း နိုင်ငံခြားရေးဝန်ကြီး မာရစ်ဆန်ဂီယာပွန်ဆာဟာ ဒီဇင်ဘာလ ၁၉ ရက်မှာ မြန်မာစစ် ကောင်စီ အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ သာနာသစ်ဆာဝမ်ဆန်က ပြောပါတယ်။

ဖမ်းဆီးခံ တံငါသည်တွေရဲ့ မိသားစုဝင်တွေကို အခြေအနေ အကြောင်းကြားဖို့ ကာကွယ်ရေးဝန် ကြီး ဖန်သမ်ဝီရာချိုင်းက ထိုင်း-မြန်မာ နယ် ခြားကော်မတီ (TBC) နဲ့ အခြားအေဂျင်စီတွေကို ညွှန်ကြား ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ယခုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းရာမှာ ညံ့ဖျင်းမှုနဲ့ အရေးယူဖို့ ပျက်ကွက်မှုကြောင့် ပြည်သူ့ပါတီ (PP) မှ လွှတ်တော်အမတ် ဂျူလာပေါင်ယူကက်က ထိုင်းအစိုးရကို ယမန်နေ့က ဝေဖန်ခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတစ်ရပ် မလုပ်ဆောင်ရသေးပဲ မြန်မာစစ်ကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုကို အားထားခဲ့တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Maris to visit Myanmar next week

#Ayeyarwaddy_Times