
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၅ ရက်
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်၌ နှစ်စဉ်ကျင်းပ လေ့ရှိသည့် ပွဲတော်တစ်ခုတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ ၄၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ပစ်ဗုံးကို ဒေသခံများနှင့် လာရောက်လည်ပတ်သူများကနေသည့် အကစင်ရှေ့တွင် ပစ်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် စင်မြင့်ရှေ့တွင် လူအများအပြားမြေပြင်ပေါ်သို့ လဲကျခဲ့ကာ ကျန်သူများမှာလည်း ဘေးကင်းရာသို့ထွက် ပြေးကြကြောင်း မျက်မြင်တွေ့ရှိသူများထံက သိရသည်။
ပေါက်ကွဲမှုအားကြောင့် လူနှစ်ဦးမှာပွဲချင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာရသူများကို ကယ်ဆယ်ရေးသမားများက ရှေးဦး သူနာပြုစုပြီးနောက် အုန်းဖန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
တိုက်ခိုက်မှုအပြီးတွင် အသက် ၁၆ နှစ် နှင့် ၁၇ နှစ်အရွယ် ထိုင်းအမျိုးသားတစ်ဦး နှင့် ကရင်အမျိုးသားအစည်း အရုံး(KNU) အဖွဲ့ဝင်တစ်ဦးကိုသံသယတရားခံအဖြစ်ဖမ်းဆီးခဲ့ပြီး KNU အဖွဲ့ဝင် ဂျိုရီသူဆိုသူမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီက မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရဖူးကြောင်းသိရသည်။
အဆိုပါပေါက်ကွဲမှုမှာ ဖောက်ခွဲရေးပစ္စည်း (IED) ကြောင့်ဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလအတွင်း စတင်ခဲ့သည့် ဆယ်ကျော်သက် လူငယ်အဖွဲ့များကြား ပဋိပက္ခများနှင့် ဆက်နွယ်နေပြီး ပြိုင်ဘက်ဂိုဏ်းကို ပစ်မှတ်ထားရန် ဖောက်ခွဲရေးပစ္စည်းများ ပါ၀င်သည့် အိတ်ကိုယူခဲ့ခြင်းဖြစ်သည်ဟု ဂျိုရီသူ က ဝန်ခံခဲ့ကြောင်းသိရသည်။
နှစ်စဉ် မြောက်ပိုင်းနယ်စပ်မြို့နယ်တွင် ကျင်းပသည့်ကြက်ခြေနီပြပွဲကို လူပေါင်း ၈,၀၀၀ မှ ၉,၀၀၀ အထိ တက်ရောက်ကာ ပွဲအတွင်း ဖျော်ဖြပွဲစင်အများအပြားရှိပြီး အဆိုပါ ပေါက်ကွဲမှုသည် ရိုးရာအကစင် ရှေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား – Bangkok Post
Refs;At least 3 killed, scores injured in grenade attack at Tak fair
#Ayeyarwaddy_Times