ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၃ ရက်

ယူကရိန်းရဲ့ ရုရှားပိုင်နက်အား အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကို သေ ချာပေါက် လက်တုံ့ပြန်မယ်လို့ ရုရှားသမ္မတရုံးက ကြာသပတေးနေ့မှာ ပြောပါတယ်။

ယူကရိန်းဟာ အမေရိကန်ထုတ် ATACMS ဒုံးကျည်ခြောက်စင်းနဲ့ Azov ပင်လယ်ပြင်နားရှိ စစ် ဘက်လေယာဉ်ကွင်းတစ်ခုကို တိုက်ခိုက်ခဲ့ရာ ရုရှားက တာလတ် အသံထက်မြန်သော ဒုံးကျည်တွေနဲ့ ယူ ကရိန်းကို တိုက်ခိုက်လာနိုင်တယ်လို့ ရုရှားသမ္မတရုံးက ဆိုပါတယ်။

အနောက်နိုင်ငံထုတ် တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်မှုဟာ အဖြေမရှိဘဲ သင့်တော်သော အစီအမံတွေ လုပ်ဆောင်မယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

“ယူကရိန်းရဲ့ ရုရှားပိုင်နက်အပေါ် အမေရိကန်ထုတ် ATACMS ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုကို သေချာပေါက် လက်တုံ့ပြန်မှာပါ” လို့ ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်ရှ်ကော့ဗ်က ပြော ပါတယ်။

ရုရှားနိုင်ငံဟာ နိုဝင်ဘာလ ၂၁ ရက်မှာ ယူကရိန်းနိုင်ငံကို ‘Oreshnik’ လို့ခေါ်တဲ့ တာလတ် အ သံထက်မြန်သောဒုံးကျည်တစ်စင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းစစ်တပ်ရဲ့ ရုရှားပိုင်နက်ကို အမေရိကန်၊ ဗြိတိန်ထုတ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေ ကို တိုက်ရိုက် လက်တုံ့ပြန်တာလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံက လာမယ့်ရက်တွေအတွင်း ယူကရိန်းကို တာလတ် အသံထက်မြန်သောဒုံးကျည် တစ်စင်းနဲ့ တိုက်ခိုက်နိုင်ပေမယ့် အဆိုပါလက်နက်က စစ်ပွဲမှာ အပြောင်းအလဲဖြစ်စေမယ်လို့ မထင်ဘူး လို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

ကိုးကား – The Telegraph
Ref; Russia says it will definitely respond to Ukraine’s latest ATACMS strike

#Ayeyarwaddy_Times