ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၁ ရက်

ကုန်သွယ်ရေးစစ်ပွဲတွေမှာ အနိုင်ရရှိသူရှိမှာမဟုတ်ဖူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြား ပြီး တရုတ်နိုင်ငံဟာ အမေရိကန်နဲ့ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့က ပေကျင်းမြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့အစည်း (WTO) အပါအဝင် အဓိကကျသော နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေရဲ့ အ ကြီးအကဲတွေနဲ့ တွေ့ဆုံစဉ် ရှီကျင့်ဖျင်က အခုလို ပြောကြားခဲ့တာပါ။

တရုတ်နိုင်ငံဟာ အမေရိကန်အစိုးရနဲ့ တွေ့ဆုံမှုပြုလုပ်ကာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ပြီး သ ဘောထားကွဲလွဲမှုတွေကို ဖြေရှင်းလိုတဲ့ဆန္ဒရှိတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

အမေရိကန်နိုင်ငံက တရုတ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်အောင် တွန်းအားပေးဖို့ မျှော်လင့် တယ်လို့လည်း သူက ဆိုပါတယ်။

ကုန်သွယ်ခွန်၊ ကုန်သွယ်မှုနဲ့ နည်းပညာစစ်ပွဲတွေဟာ သမိုင်းနဲ့ စီးပွားရေးဉပဒေကို ဆန့်ကျင်ပြီး အနိုင်ရရှိသူရှိမှာမဟုတ်ဖူးလို့ ရှီကျင့်ဖျင်က အလေးထားပြောပါတယ်။

တရုတ်နိုင်ငံမှ ကုန်စည်တွေအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ထပ်တိုး ကောက်ခံမယ့်အစီအ စဉ်ကို အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့လအတွင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သမ္မတသက်တမ်းကာလအတွင်း ဒေါ်နယ်ထရမ့်ဟာ တရုတ်ထုတ်ကုန်တွေအပေါ် စည်း ကြပ်ခွန် ၂၅ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ စီးပွားရေး နှေးကွေးမှုဖြစ်ပေါ်နေစဉ် ရှီကျင့်ဖျင်က အမေရိကန်နိုင်ငံနဲ့ ကုန်သွယ် ရေးစစ်ပွဲမဖြစ်ဖို့ မျှော်လင့်ပါတယ်။

ကိုးကား – NHK
Ref; China President Xi says there will be no winners in trade war

#Ayeyarwaddy_Times