
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဒီဇင်ဘာ ၁၀ ရက်
ချင်းပြည်နယ်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) တို့အကြား နှစ်ဖက် ပြန်လည်သင့်မြတ်ရေးအတွက် ယုံကြည်မှုတည်ဆောက်နေချိန်တွင် တပ်မဟာ (၁) က တပ်မဟာ (၂) ၏ ရဲဘော် ငါးဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းတပ်မဟာ (၂) ထံက သိရသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ(၂) တပ်ဖွဲ့ဝင် တပ်ရင်း-၆ မှ စခန်းမှူးအပါအဝင် တပ်ရင်း-၆ ၏ တပ်ဖွဲ့ဝင်စုစုပေါင်း ငါးဦးသည် မိမိနေရပ်သို့ ပြန်ချိန်တွင် တပ်မဟာ (၁) က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“တပ်မဟာအချင်းချင်းပြေလည်ပြီးရင် ဖမ်းဆီးခံထားရတဲ့ ရဲဘော်တွေကို အလဲလှယ်လုပ်ဖို့ ရည်ရွယ် ထားပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးထားတဲ့ ရဲဘော်တွေလည်း လွှတ်ပေးမယ်။ သူတို့ ဘက်ကလည်း ဖမ်းဆီးထားတဲ့ ရဲဘော်တွေကို ပြန်လွှတ်ပေးဖို့ပါ” ဟု တပ်မဟာ (၂) ၏ စစ်ရေးတာဝန်ခံဗိုလ်ကီမိုက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ချင်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)၊ တပ်မဟာ (၂) သည် တပ်မဟာ (၁) ၏ တပ်ဖွဲ့ဝင် ငါးဦးကိုလည်း ဖမ်းဆီးထားကြောင်း တပ်မဟာ (၁) ၏ ထုတ်ပြန်ချက်အရသိရပြီး အဆိုပါဖမ်းဆီးခံထားရသော ရဲဘော် များကို နှစ်ဘက်သင့်မြတ်ပြီးနောက် အပြန်အလှန်လဲလှယ်လိုခြင်းဖြစ်ကြောင်း သိရသည်။
မတူပီမြို့သိမ်းကာလတွင် CDF-မတူပီ၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) သည် စစ်ရေး၊ နိုင်ငံရေးအမြင်မတူညီမှုများကြောင့် နှစ်ဖင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ပြန်လည်သင့်မြတ်ရေး အတွက် နှစ်ဖက်ယုံကြည်မှုတည်ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။
ပုံစာ- CDF-မတူပီ၊ တပ်မဟာ (၁) နှင့် တပ်မဟာ (၂) တပ်ဖွဲ့ဝင်များ။
#CDF-မတူပီ #တပ်မဟာ ၁ #တပ်မဟာ ၂ #နှစ်ဖက်ယုံကြည်မှုတည်ဆောက်နေ #တပ်မဟာရဲဘော် #အပြန်အလှမ်ဖမ်းဆီးမှုရှိနေ #Ayeyarwaddy_Times