ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ င၀န်မြစ်အတွင်းတွင် ဒီဇင်ဘာ ၇ရက်နေ့ညနေပိုင်းက စစ်ကောင်စီ၏ ရေတပ်သင်္ဘော ကြောင့် ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များပျက်စီးသွားကြောင်း သိရှိရသည်။
ပုသိမ်မြို့အခြေစိုက် စစ်ကောင်စီရေတပ် ဖြစ်သော အမှတ် (၂၆)စစ်ရေယာဥ်စုမှ သဘ်ောတစ်စီး အရှိန်ဖြင့်မောင်းနှင်ခဲ့ပြီး င၀န်မြစ်အတွင်းမှ ဒေသခံများ၏ ငါးသလောက်ပိုက်တန်းများကို တိုက်သွားခြင်းဖြစ်ကြောင်းသိရှိရသည်။
“ခုရာသီက ငါးသလောက် ချိန်ဆိုတော့ တော်တော်များများ ပိုက်ချထားကြတာ။ စစ်သင်္ဘောက အရှိန်နဲ့လာပြီးဦးပိုင်းနဲ့ထိုးခွဲသွားတာ။ မြစ်ထဲမှ ပိုက်တန်းလေးတွေတွေ့ရင် တစ်ခြားသင်္ဘောတွေဆိုရှောင်ပြီးမောင်းပေးတာထုံးစံဖြစ်နေပြီ။ ခုက စစ်တပ်ဆိုတော့ အလျော်လဲမရ ပိုက်ကလဲ ပြန်၀ယ်ဖို့ ဈေးကလဲကြီးနေတော့ ခက်ကုန်ရော”ဟု ငါးဖမ်းပိုက်ဆုံးရူံးခဲ့သူအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
စစ်သင်္ဘော၏ တိုက်မှုကြောင့် ဒေသခံ ရေလုပ်သား ( ၁၅)ဦးခန့်၏ငါးသလောက်ပပိုက်တန်းများဆုံးရူံးခဲ့ပြီး ကာလတန်ဖိုး သိန်း(၁၀၀)ကျော်ခန့်ရှီကြောင်းသိရှိရသည်။
အဆိုပါစစ်သင်္ဘောသည် ပုသိမ်မြို့မှ သာပေါင်းမြို့သို့ စစ်ကောင်စီတပ်သားများတင်ဆောင်ကာ သွားရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှသိရသည်။
ဓာတ်ပုံ-ငဝန်မြစ်
#ပုသိမ်မြို့ #င၀န်မြစ် #စစ်သင်္ဘော #မောင်းနှင်မှုကြောင့် #ဒေသခံရေလုပ်သားများ #ငါးဖမ်းပိုက်များပျက်စီး #Ayeyarwaddy_Times