
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၈ ရက်
ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ယူကရိန်းသို့ တာဝေးပစ်လက်နက်တွေ ထောက် ပံ့နေတဲ့ အနောက်နိုင်ငံတွေကို သတိပေးခဲ့ပြီး မဖြတ်ကျော်သင့်တဲ့ စည်းတွေရှိတာကို နားမလည်ရင် ထပ်မံ အရေးယူမယ်လို့ ပြောကြားလိုက်ပါတယ်။
သောကြာနေ့က ထုတ်လွှင့်ခဲ့တဲ့ Fox News သတင်းဌာနရဲ့ ရုပ်သံတင်ဆက်သူဟောင်း တပ်လ် ကာကားလ်ဆင်နဲ့ အင်တာဗျူးမှာ သူက အခုလို ပြောကြားခဲ့တာပါ။
ရုရှားနိုင်ငံအား ယူကရိန်းရဲ့ တာဝေးပစ်လက်နက်တွေနဲ့ တိုက်ခိုက်မှုကို သူက သတိပေးခဲ့ပြီး အ မေရိကန်နဲ့မဟာမိတ်တွေက ရုရှားနိုင်ငံမှာ မဖြတ်ကျော်ရမယ့်စည်းတွေရှိတာကို မယုံကြည်ရင် အလွန် ဆိုးရွားတဲ့ မှားယွင်းမှုတစ်ခု ဖြစ်လာမယ်လို့ ပြောပါတယ်။
သူက Oreshnik လို့ခေါ်တဲ့ တာလတ်ပဲ့ထိန်းဒုံးကျည်ကို ရည်ညွှန်းပြောခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံက မည်သည့်နည်းလမ်းနဲ့မဆို အဆိုပါဒုံးကျည်ကို အသုံးပြုဖို့ အဆင်သင့်ဖြစ်မယ်လို့ သတိပေးပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ အလွန်သန်မာသောပုဂ္ဂိုလ်တစ်ဉီးဖြစ်တယ် လို့ ဆာဂျီလာရော့ဗ်က ပြောပါတယ်။
ရုရှားနိုင်ငံက အမေရိကန်နိုင်ငံနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ လမ်းဖွင့်ထားပြီး တွေ့ဆုံဆွေးနွေးမှု ဟာ အမေရိကန်နိုင်ငံပေါ် မူတည်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောထားတယ်လို့ သူက ဆို ပါတယ်။
ယူကရိန်းနိုင်ငံနဲ့ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေပြုလုပ်ဖို့ အခြေအနေတွေနဲ့ပတ်သက်လို့ ယူ ကရိန်းက နေတိုးအဖွဲ့သို့ ဝင်ရောက်တာကို ရုရှားက လက်သင့်မခံဘူးလို့ ၎င်းက ပြောပါတယ်။
ကိုးကား – NHK
Ref; Russia’s Lavrov warns Western nations over long-range arms for Ukraine
#Ayeyarwaddy_Times