ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၇ ရက်

မြန်မာရေတပ်က ထိန်းသိမ်းထားတ့ ထိုင်းတံငါသည် (၄) ဦး လွတ်မြောက်ပြီဖြစ်ကာ မကြာမီ အိမ်ပြန်ရောက်ဖို့ မျှော်လင့်ရတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာရေတပ်က ထိုင်းငါးဖမ်းလှေတွေကို ပစ်ခတ်တဲ့ဖြစ်စဉ်တစ်ခု ဖြစ် ပွားပြီးနောက် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို ထုတ်ပြန်ခဲ့တာပါ။

အဆိုပါဖြစ်စဉ်မှာ တံငါသည်တစ်ဉီး ရေနစ်သေဆုံးခဲ့ပြီး နှစ်ဉီး ဒဏ်ရာရရှိကာ မြန်မာရေတပ်က ထိုင်းလူမျိုး (၄) ဦး အပါအဝင် ငါးဖမ်းလှေတွေပေါ်ပါ တံငါသည် (၃၁) ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

ထိုင်းနိုင်ငံသားတွေကို လက်ခံရေး ကြိုတင်ပြင်ဆင်ဖို့ ထိုင်းအာဏာပိုင်တွေဟာ နယ်စပ်စစ်ဆေး ရေးဂိတ်တစ်ခုမှာ ရောက်နေပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒတ်ဂျ်ဘာလန်ကူ ရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းပြည်နယ်အနီး မြန်မာရေပိုင်နက်အတွင်း ဝင်ရောက်ခဲ့တဲ့ ထိုင်းငါး ဖမ်းလှေ (၁၅) စင်းအနက် နှစ်စင်းကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တာလို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာန အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းကာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီးနောက် မြန်မာနိုင်ငံဟာ အကျပ် အတည်း ဖြစ်နေခဲ့တာဖြစ်ပြီး စစ်တပ်က ဆန္ဒပြပွဲတွေကို ချေမှုန်းခဲ့တာကြောင့် ပြည်သူတွေက လက် နက်ကိုင်တော်လှန်ခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Four Thai fishermen released by Myanmar, Thai foreign ministry says

#Ayeyarwaddy_Times