ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၅ ရက်

ယူကရိန်းနဲ့စစ်ပွဲမှာ တိုက်ခိုက်ဖို့ တပ်ဖွဲ့တွေစေလွှတ်တဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် အလဲအ လှယ်အနေနဲ့ ရုရှားက ပြုံယမ်းရဲ့ ဒုံးကျည်နဲ့ နျူကလီးယားအစီအစဉ်ကို ပံ့ပိုးကူညီနေတယ်လို့ နေတိုးအ ဖွဲ့ အကြီးအကဲ မတ်ခ်ရုတေးက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက ရှေ့တန်းစစ်မျက်နှာပြင်တစ်လျှောက် နယ်မြေသိမ်းပိုက်မှုတွေ ပြုလုပ်နေစဉ် ပဋိပက္ခလမ်းကြောင်း ပြောင်းလဲစေဖို့ ယူကရိန်းသို့ လုံလောက်သော စစ်လက်နက်တွေ ပေးပို့ကြဖို့ ၎င်း က နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို တိုက်တွန်းပါတယ်။

“တပ်ဖွဲ့နဲ့ စစ်လက်နက်တွေပေးပို့တဲ့ အတုံ့အလှည့်အဖြစ် ရုရှားက မြောက်ကိုရီးယားရဲ့ ဒုံးကျည် နဲ့ နျူကလီးယားအစီအစဉ်မှာ ကူညီပေးနေပါတယ်” လို့ နေတိုးအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများအစည်းအ ဝေးအပြီးမှာ သူက သတင်းထောက်တွေကို ပြောပါတယ်။

“ဒီလိုလုပ်ရပ်တွေက ကိုရီးယားကျွန်းဆွယ်ကို မတည်မငြိမ်ဖြစ်စေနိုင်ယုံသာမက အမေရိကန်နိုင် ငံကိုပင် ခြိမ်းခြောက်နိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားနဲ့မြောက်ကိုရီးယားကြား မဟာမိတ်ပြုမှုက ဒေါ်နယ်ထရမ့် ကျမ်းသစ္စာမကျိန်ဆိုမီ အမေရိ ကန်နိုင်ငံကို ခြိမ်းခြောက်နေတယ်လို့ မတ်ခ်ရုတေးက ဆက်ပြောပါတယ်။

ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်တို့ကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လာမှုက ယူက ရိန်းစစ်ပွဲရဲ့ အန္တရာယ်တွေ တိုးလာတာအပါအဝင် ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်း ခြောက်မှု သဘောသဘာဝကို မီးမောင်းထိုးပြနေပါတယ်လို့ ၎င်းက ထောက်ပြပါတယ်။

“ယူကရိန်းပဋိပက္ခလမ်းကြောင်း ပြောင်းလဲစေဖို့ ကျွန်တော်တို့ လုံလောက်တဲ့ပံ့ပိုးမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။ မဟာမိတ်တွေက ယူကရိန်းသို့ အရေးပါတဲ့ ခဲယမ်းမီးကျောက်တွေ၊ လေကြောင်းရန်ကာ ကွယ်ရေးစနစ်တွေ ထောက်ပံ့ပေးနိုင်တယ်ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆိုပါ တယ်။

ကိုးကား – AFP
Ref; Russia supporting North Korea nuclear programme in exchange for troops: Nato chief

#Ayeyarwaddy_Times