
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၃ ရက်
ရုရှားနိုင်ငံနဲ့ စစ်မက်ဖြစ်ပွားနေတဲ့ ယူကရိန်းရဲ့ အရေးတကြီး လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဒေါ်လာ ၇၂၅ သန်းတန်ကြေးရှိ ထပ်တိုးစစ်ရေးအကူအညီ ပေးအပ်ကြောင်း အမေရိကန်အစိုးရက ဒီဇင် ဘာလ ၃ ရက်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ခဲယမ်းမီး ကျောက်တွေ၊ အမြောက်ကျည်တွေ၊ တင့်ဖျက်လက်နက်တွေနဲ့ အခြားစစ်လက်နက်တွေပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
အမေရိကန်အစိုးရက ယူကရိန်းသို့ အရေးတကြီး လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စစ်လက်နက် ကိရိယာတွေ ထောက်ပံ့ပေးမယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာလ ၂၆ ရက်မှာ ကြေညာပြီး နောက် ယခုလို လုံခြုံရေးအကူအညီ ပေးအပ်တာပါ။
ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Presidential Drawdown Authority အရ စစ်လက်နက်တွေကို ထောက်ပံ့ပေးတာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့က တနင်္လာနေ့မှာ တရားဝင် သတင်းမ ထုတ်ပြန်မီ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကို အခြေခံပြီး ယခုသတင်းကို သတင်းဌာနအများအ ပြားက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီပေးအပ်မှုဟာ စစ်မြေပြင်မှာ လူ့အရင်းအမြစ် ဆုံးရှုံးမှုအ တွက် တပ်သားသစ်စုဆောင်းတဲ့ အသက်အရွယ်ကို ၂၅ နှစ်မှ ၁၈ နှစ်သို့ လျှော့ချဖို့ အမေရိကန်အစိုးရက ယူကရိန်းသို့ အကြံပြုထားတဲ့အချိန်နဲ့ တိုက်ဆိုင်ပါတယ်။
ကိုးကား – Xinhua
Ref; US announces additional military assistance to Ukraine worth 725M USD
#Ayeyarwaddy_Times