ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်

တ‌အာင်းတပ်မတော် TNLA သိမ်းပိုက်ထားသည့် ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ယမန်‌နေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ကျောက်မဲမြို့၊ ထုံးဘိုရပ်ကွက်၊ အင်ကြင်းတောင်ပေါ်ရှိ သီလရှင်ကျောင်းတိုက်ပေါ်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သီလရှင်အပါအဝင် ပြည်သူ ၁၀ ဦးနှင့်အထက်သေ ဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရှမ်းမြောက်မြေပြင်စစ်ရေးသတင်းများကို ရေးသားနေသည့် မိုင်းအနိုင်မှ သူ၏လူမှုကွန်ရက်တွင် လေ ကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး “သီလရှင် ကျောင်းပေါ်ကျ၊ ကျောင်းခိုင်သီလရှင်အပါအဝင် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၂၀ ထက်မနည်းဒဏ်ရာရ”ဟု ရေးသားဖော်ပြထားသည်။

တအာင်းတပ်မတော် TNLA မှတရုတ်အစိုးရ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ နှစ်ဖက်စစ်ရေးပြဿနာကို အဆုံးသတ်ရေး တွေ့ဆုံဆွေးဋဍနွေးရန် အသင့်ရှိနေကြောင်း ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ပြီး ၅ ရက်အကြာတွင် စစ်ကောင်စီဘက်မှ ယခုလိုဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုများအပါ အဝင် သီလရှင်ကလေးငယ်များ‌ပါသေဆုံးမှုရှိကြောင်း သိရပြီး အသေးစိတ်မသိရသေးပေ။

စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရသည့် မြို့ရွာများတွင် အများပြည်သူစိတ်အေးချမ်းစွာ နေထိုင်နိုင်ခြင်းမရှိစေရန် ဗုံးကြဲသတ်ဖြတ်မှုများပြုလုပ်မည်ကို တရုတ်အစိုးရကြားဝင်ညှိနှိုင်းပေးသည့် ဟိုင်ဂင်ဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်က အတိအလင်းပြောကြားခဲ့ပြီးနောက် ယခုလက်ရှိတွင် ပြည်သူများကိုပစ်မှတ်ထားတိုက်ခိုက်နေခြင်း ဖြစ်သည်။

ယခုတိုက်ခိုက်မှုသည် စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ရန် ICC ၌ လျှောက်ထားပြီးနောက်တွင် စစ်ကောင်စီတပ်က လေကြောင်းမှနေ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလည်းဖြစ်သည်။

ဓာတ်ပုံ-ရွှေဖီမြေ Credit
#ရှမ်းမြောက် #ကျောက်မဲ #သီလရှင်ကျောင်း #စစ်ကောင်စီ #လေကြောင်း #ဗုံးကြဲတိုက်ခိုက် #ပြည်သူ ၁၀ဦးထက်မနည်း #သေဆုံး #Ayeyarwaddy_Times