
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁ ရက်
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရှေ့နေ ကာရင်ခန်းဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန် ခဲ့တဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေအတွက် မြန်မာစစ်တပ်အကြီးအကဲနဲ့ ယာယီသမ္မတ မင်း အောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ဒီသီတင်းပတ်အတွင်း လျှောက်ထားခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ဖမ်းဝရမ်းထုတ်ဖို့ ICC က တောင်းဆိုတာ ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ တရားမျှ တမှုရရှိရေး ခရီးရှည်မှာ အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ အဖွဲ့ဝင် (၃) ဉီးပါ တရားသူကြီးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အ ပေါ် မူတည်ပေမယ့် ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ ယုံကြည်ရတဲ့ ကျိုး ကြောင်းသင့်လျော်သော အကြောင်းတရားတွေရှိတယ်လို့ ကာရင်ခန်းက ပြောပါတယ်။ ဆုံးဖြတ်ချက်ချဖို့ အချိန်သတ်မှတ်ချက် မရှိပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ ၂၀၂၃ ခုနှစ်အတွင်း (၃) ပတ်ခန့်သာ ကြာမြင့်ခဲ့ပါတယ်။ မကြာသေးမီက အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ ဟားမာစ်အဖွဲ့အကြီးအကဲတို့ကို ဖမ်းဝရမ်းထုတ်ဖို့ (၆) လ ကျော်ကြာ ကြာမြင့်ခဲ့ပါတယ်။
အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့မုဒိမ်းမှု၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်မှာ ရခိုင်ပြည်နယ်မှ ရို ဟင်ဂျာ ၇၀၀၀၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးစေခဲ့တဲ့ ရွာလုံးကျွတ်မီးရှို့မှု အပါအဝင် အကြမ်း ဖက်မှုတွေကြောင့် ‘ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှု’ အဖြစ် ကမ္ဘာကြီးက သိရှိခဲ့တဲ့ ဖြစ်စဉ်တွေကို (၅) နှစ်ကြာ စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပြီးနောက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ကာရင်ခန်းက တောင်းဆိုခဲ့တာပါ။
အကာအကွယ်မဲ့ မူဆလင်တွေအပေါ် အစွန်းရောက်မျိုးချစ်ဝါဒကြောင့် ကမ္ဘာကြီးကို အံ့အားသင့် စေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှု ဖြစ်ခဲ့ရပြီး လူ ၁၀၀၀၀ ထက်မနည်း သေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး မရေအတွက်နိုင်တဲ့ပြည်သူတွေ စိတ်ဒဏ်ရာရရှိစေခဲ့ပါတယ်။
ဖမ်းဝရမ်းတွေ ထပ်လာမယ်
မြန်မာစစ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းတွေ ထပ်ထုတ်ဖို့ သူ့ရဲ့ရုံးက မကြာမီ တောင်းဆိုမယ်လို့ ကာရင်ခန်းက ပြောပါတယ်။ “ရိုဟင်ဂျာတွေကို မေ့မထားဘူးဆိုတာ မိတ်ဖက်တွေနဲ့အတူ ကျွန်တော်တို့ ပြသမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းကပြည်သူတွေလို ရိုဟင်ဂျာတွေကို ဉပဒေအရ ကာကွယ်ပေးရမှာဖြစ် ပါတယ်” လို့ သူက ဆိုပါတယ်။
“ပထမဆုံး ICC ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက်က အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ တရားမျှတမှုကို ICC တစ်ခုတည်းက မလုပ်ဆောင်နိုင်ပါဘူး။ ဘေးကင်းစွာနဲ့ နေ ရပ်ပြန်နိုင်ရေး ရိုဟင်ဂျာပြည်သူတွေဟာ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေ လိုအပ်ပါတယ်။ အခြားတိုင်း ပြည်တွေက ရိုဟင်ဂျာတွေကို အခြေချခွင့်ပြုဖို့လည်း လိုအပ်ပါတယ်” လို့ ICC စွဲချက်မှာ ရိုဟင်ဂျာအချို့ ကို ကိုယ်စားပြုတဲ့ ရှေ့နေတစ်ဉီးဖြစ်သူ မီဂန်ဟစ်က ပြောပါတယ်။
တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေး
ICC က မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုဟာ လက်ရှိ ရာဇဝတ်မှုတွေနဲ့ မြန် မာနိုင်ငံမှာ နေထိုင်ဆဲဖြစ်တဲ့ ရိုဟင်ဂျာ ၅၀၀၀၀၀ ကျော်အတွက် တရားမျှတမှုရရှိရေးကို မဖြေရှင်းနိုင်ပါ ဘူး။ အာဏာသိမ်းမှုမှာ ပါဝင်ခဲ့သူတွေကို ဖမ်းဝရမ်းတွေထုတ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Myanmar Accountability Project (MAP) က တိုက်တွန်းပါတယ်။ အရပ်သားတွေအပေါ် ရမ်းသမ်း တိုက်ခိုက်မှုတွေ စစ်ကောင်စီက ကျူးလွန်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာ တင်သွင်းသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ပွားနေပြီး ခန့်မှန်းချေအားဖြင့် ပြည်သူ ၆၀၀၀ ခန့် သေဆုံးကာ ပြည်သူ (၃) သန်းကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ လူမျိုးသုဉ်းသတ်ဖြတ်မှုကို မမေ့သင့်သလို ရခိုင်ပြည်နယ်မှာ ရာဇဝတ်မှုတွေကြောင့် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ပြေးဖို့ တွန်းအားပေးနေပါတယ်။
မြန်မာ့ပိုင်နက်အတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ICC သို့ တရားစီရင်ပိုင်ခွင့်ပြုတဲ့ ၂၀၂၁ ခုနှစ် ကြေညာချက်ကို လက်ခံဖို့ မိမိတို့က ICC ကို တိုက်တွန်းခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က ICC နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး IIMM အကြီးအကဲ နီကိုးလပ်စ်ခွန်ဂျန် က အကြမ်းဖက်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု အချိန်နဲ့အတိုင်းအတာကို ရှင်း လင်းခဲ့ပြီးဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်ခံရသူ သို့မဟုတ် ကျူးလွန်သူရဲ့ လူမျိုး၊ ဘာသာ၊ နိုင်ငံရေးမခွဲခြားဘဲ ၂၀၁၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု အထောက်အထားတွေကို IIMM က စုဆောင်း နေတယ်လို့ ကာရင်ခန်းရဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်အပြီးမှာ နီကိုးလပ်စ် ခွန်ဂျန်က ပြောပါတယ်။ IIMM ရဲ့ လုပ်ပိုင်ခွင့်အာဏာမှာ မြန်မာနိုင်ငံတစ်ဝှမ်း လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ပတ်သက်တဲ့ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးဖို့ ပါဝင်ပါတယ်။
နိုင်ငံအဆင့် တရားမျှတမှုရရှိရေး ဆောင်ရွက်ခြင်း
ကာရင်ခန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားသလို တူရ ကီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အာဂျင်တီးနားတို့မှာလည်း တရားစွဲဆိုထားတာတွေ ရှိပါတယ်။ ဒီလိုလုပ် ရပ်တွေက မြန်မာစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ တွန်းအားပေးရာမှာ ပြင်းပြသော ခေါင်းဆောင်မှုကို ပြသဖူးတဲ့ ဗြိတိန်လိုမျိုး အစိုးရတွေအတွက် အမှုကို ခိုင်မာစေမှာဖြစ်ပါတယ်။
ကာရင်ခန်းရဲ့ကြေညာချက်က သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ လျှောက် ထားတဲ့ သီးခြားအမှုတစ်ခုကို အရှိန်ရစေမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ ကို တရားစွဲဆိုမှု စတင်ခဲ့ပြီး လူမျိုးသုဉ်းသတ်ဖြတ်မှုကွန်ဗင်းရှင်းကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ICJ က ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီအမံတွေ ထုတ်ပြန်ခဲ့ပါတယ်။ ICC ရဲ့ဆုံးဖြတ်ချက် က မြန်မာစစ်တပ်အပေါ် ဖိအားပေးမှု တိုးလာနိုင်ပါတယ်။
အမေရိကန်ရဲ့စံသတ်မှတ်ချက်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှုကို လူ မျိုးသုဉ်းသတ်ဖြတ်မှုတစ်ခုအဖြစ် တရားဝင် သတ်မှတ်ခဲ့ပြီး ICC မှာ မြန်မာစစ်ကောင်စီကို အရေးယူ မယ့်အမှုကို ပံ့ပိုးကူညီမယ်လို့ ကြေညာခဲ့ပါတယ်။ ပူတင်ကို ဖမ်းဆီးဖို့ မြန်ဆန်စွာ ဆုံးဖြတ်တဲ့ ICC ကို လည်း အမေရိကန်နိုင်ငံက ချီးကျူးခဲ့ပါတယ်။
ကာရင်ခန်းက ကြောက်ရွံ့စိုးထိတ်မှုမရှိဘဲ မြန်မာစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားတာဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကမ္ဘာပေါ်မှာ ဖယ်ကျဉ်ခံရဆုံး အသိုင်းအ ဝိုင်းတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရမှာဖြစ်ပါတယ်။ နေ့စဉ် အကြမ်းဖက်ခံနေရသော တိုက် ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေကို ကမ္ဘာကြီးက ပစ်ပယ်မထားဘူးဆိုတာ ခိုင်မာစေဖို့ ICC ရဲ့အလုပ်က အရေးကြီးပါတယ်။
The Diplomat ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Christ Gunness ရဲ့ The Time of Impunity for Myanmar’s War Criminals Must End ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
#Ayeyarwaddy_Times