ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၃၀ ရက်

မြန်မာနိုင်ငံမှ ကလေးငယ်တွေဟာ ပြည်တွင်းစစ်နဲ့ ရာသီဉတုဘေးအန္တရာယ်တွေရဲ့ မကြုံစဖူး ရန်တွေကို ကြုံတွေနေရတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။

မြန်မာကလေးငယ်တွေဟာ စိတ်ဒဏ်ရာရနေတဲ့အပြင် ရောဂါကူးစက်လွယ်ခြင်း၊ အာဟာရမ ပြည့်ဝခြင်းနဲ့ သန့်ရှင်းမှုအားနည်းတာရဲ့ အကျိုးဆက်တွေ ခံစားနေရတယ်လို့ UNICEF အရှေ့အာရှနဲ့ ပ စိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်ကူနီဂီက ပြောပါတယ်။

“မြန်မာကလေးငယ်တွေရဲ့ ပုံမှန်ကလေးငယ်ဘဝ ပြန်ရဖို့အခွင့်အရေးဟာ ပျောက်ကွယ်နေပါ တယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ ၃ ဒသမ ၄ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၎င်းတို့အနက် ၄၀ ရာခိုင်နှုန်းနီးပါးမှာ အသက်မပြည့်သေးသူတွေလို့ ၎င်းက ဆက်ပြောပါတယ်။

၂၀၂၄ ခုနှစ်တစ်နှစ်ထဲမှာပင် အကြမ်းဖက်မှုတွေကြောင့် ကလေးငယ် ၆၅၀ ဉီးထက်မနည်း သေ ဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ UNICEF က ပြောပါတယ်။

ကလေးငယ်တွေနဲ့ မိသားစုတွေဟာ ဆိုးရွားသော ရာသီဉတုဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ရပြီး စက် တင်ဘာလအတွင်း ရေကြီးရေလျှံမှုတွေကြောင့် ပြည်သူ ၆၀၀၀၀၀ ကျော် ဘေးသင့်ခဲ့တယ်လို့ UNICEF က ဆိုပါတယ်။

မြန်မာနိုင်ငံမှ ကလေးငယ်တွေအတွက် နိုင်ငံတကာရဲ့အကူအညီ အရေးတကြီး လိုအပ်နေတယ် လို့ ဂျွန်ကူနီဂီက ပြောပါတယ်။

ကိုးကား – NHK
Ref; UNICEF: Myanmar children face ‘unprecedented risk’

#Ayeyarwaddy_Times