ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၉ ရက်
မြန်မာစစ်တပ်အကြီးအကဲ မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေရဲ့ လျှောက် ထားမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဖိနှိပ်ခံ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေအ တွက် တရားမျှတမှုရရှိရေး သိသာထင်ရှားသော ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။
ဖမ်းဝရမ်းလျှောက်ထားမှုဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေး ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရအဖွဲ့ ရိုဟင်ဂျာရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ခါလီလူရာမန်က ပြောပါ တယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်း ထုတ်ပေးဖို့ ICC ရှေ့နေချုပ်က ဗုဒ္ဓဟူးနေ့မှာ လျှောက်ထားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ကုန်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လုပ်ဆောင်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ကျူး လွန်ခဲ့တဲ့ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုတွေအတွက် မင်းအောင်လှိုင်ဟာ တာဝန်ရှိတယ်လို့ ICC ရှေ့နေချုပ် ကာရင်ခန်းက ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ရိုဟင်ဂျာတစ်သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး အ များစုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားမှုကြောင့် ရိုဟင်ဂျာအရေးဟာ ကမ္ဘာ့ နိုင်ငံတွေရဲ့ စိတ်ဝင်စားမှု ပြန်ရလာပြီလို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်များဆိုင်ရာ ကော်မရှင်နာမင်းကြီး ရှမ် စွပ်ဒိုဇာက ပြောပါတယ်။
မြန်မာနိုင်ငံက လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို တောက်လျှောက် ငြင်းဆန်ခဲ့ပြီး စစ်ရေးဖြိုခွင်းမှုဟာ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာသူပုန်တွေကို ပစ်မှတ်ထားခဲ့တာ လို့ ပြောပါတယ်။
ကိုးကား – Anadolu
Ref; ICC arrest warrant for Myanmar military chief step towards ensuring justice: Bangladesh
#Ayeyarwaddy_Times