ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၈ ရက်

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်တွင် ထိုင်းရဲတပ်ဖွဲ့မှ ဖုန်းခေါ်ဆိုလိမ်လည်သည့် ထိုင်း-တရုတ် ကျားဖြန့်ဂိုဏ်းကို ၎င်းတို့အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ သံသယရှိသူ ၁၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မောင်း၊ ဆန်ဆိုင် နှင့် ဆန်ကဖန် မြို့နယ်များရှိ နေအိမ် ၁၁ လုံးကို ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေခဲ့ရာ ဖုန်း ၁၄၅၅ လုံး၊ ဆင်းကတ် ၅၉၀၀၀၀၊ ဆင်းကတ် သေတ္တာ ၆၄၂ လုံး၊ ကွန်ပျူတာ ၇၂ လုံး နှင့် ဆင်းကတ်ဖတ်စက် ၄၇ လုံးကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

“ဒါဟာ ထိုင်းနိုင်ငံမှာ အကြီးဆုံး ဖုန်း ခေါ်လိမ်လည်မှုကို ဖမ်းနိုင်တာပဲ” ဟု ဗဟိုစုံစမ်းရေးဗျူရို(CIB) ကော်မရှင်နာ ဗိုလ်မှုးကြီး Jirabhop Bhuridej ကပြောသည်။

ဖမ်းဆီးမှုတွင် သံသယူရှိသူ ၁၅ ဦးတွင် ထိုင်းနိုင်ငံသား နှစ်ဦး၊ တရုတ်နိုင်ငံသား ငါးဦးနှင့် မြန်မာနိုင်ငံသား ရှစ်ဦး တို့ပါဝင်ပြီး ထိုင်းအမျိုးသမီး နှင့် ၎င်းခင်ပွန်း တရုတ်နိုင်ငံသားတို့က အဆိုပါကျားဖြန့်အဖွဲ့ကို ဦးဆောင်နေ ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ လိမ်လည်မည့် စက်ပစ္စည်းများကို သူမ၏ခင်ပွန်း တရုတ်နိုင်ငံသားက ဝယ်ယူခြင်းဖြစ်ပြီး ကျန်အခြားဖမ်းဆီးခံရသည့် အဖွဲ့ဝင်များက အကောင့်တုများဖန်တီးမည့် ဆင်းကတ်‌ဘောက်စ် များရှိရာ နေရာများတွင် အိမ်ငှားရန်း နေထိုင်ကာ လိမ်လည်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကိုးကား – Bangkok Post
Refs; Thailand’s biggest seizure of call scam equipment
#Ayeyarwaddy_Times