
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ နိုဝင်ဘာ ၂၈ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကောင်စီမှ ယမန်နေ့၊ ညသန်းခေါင်ယံ ၁၂ နာရီကျော်အချိန်တွင် အလွန်ပြင်းထန်သော ဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
မင်းတပ်မြို့ကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်တို့က မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်လာခြင်းဖြစ်သည်။
” ဂျက်ဖိုက်တာတစ်စီးကနေ ပေါင် ၁၀၀၀ ဗုံးလို့ ခန့်မှန်းရတဲ့ ပေါက်ကွဲအား ပြင်းတဲ့ ဗုံးတစ်လုံးနဲ့ မင်းတပ်မြို့ပေါ် တနေရာကို လေကြောင်းနဲ့ တိုက်ခိုက်သွားပါတယ်။ ခါတိုင်းကြဲနေကြ ပေါင် ၅၀၀ ထက် ပိုပြင်းပြီး တစ်ကြိမ်ထဲကွဲပါတယ်ဗျ။ မြို့ပေါ်မှာ ကြဲတာကို ရွာက မြေတွေလည်း တုန်လှုပ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲကာလတွင် နိုင်ငံတကာက တားမြစ်ထားသော ဂလပ်စတာဗုံးအပါအဝင် ပေါင် ၅၀၀ ဗုံးများဖြင့် စစ်ကောင်စီက နေ့စဥ်တိုက်ခိုက်ခဲ့သလို ယမန်နေ့က တိုက်ခိုက်ခဲ့သော ပေါက်ကွဲအားပြင်းထန်သည့် ဗုံးဖြင့် မင်းတပ်မြို့တွင် ပထမဆုံးတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ဓာတ်ပုံ-CDF-မင်းတပ်။
#မင်းတပ်မြို့ #စစ်ကောင်စီ #ပေါက်ကွဲအားအလွန်ပြင်းထန် #ဗုံးကြဲတိုက်ခိုက် #Ayeyarwaddy_Times