
ဧရာဝတီတိုင်းမ်
(ထန်တလန်)၊ နိုဝင်ဘာ ၂၇ ရက်
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားရှိ ပွိုင့် ၃ စခန်းကုန်းကို ချင်းလဲန်အစိုးရကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယမန်နေ့၊ နို၀င်ဘာ ၂၆ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ပွိုင့် ၃ စခန်းသိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)၏ ဒုတိယတပ်ရင်းမှူးကျော်သန်းအောင်ကျဆုံးသွားပြီး ချင်းလဲန်းအစိုးရကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
” တပ်မဟာ ၁၊ တပ်ရင်း ၁ က ဒုတပ်ရင်းမှူးပါ။ သူဟာ ထန်တလန် နဲ့ ဟားခါးကြားက C3 စခန်းသိမ်းတိုက်ပွဲမှာ ကျသွားတာပါ။ ကျသွားတဲ့ ရဲဘော်ကို နှမြောတယ်။ ချစ်တယ်။ သူ့အဖ အိမ်တော်မှာ အေးချမ်းစွာ အနားယူနိုင်ပါစေ” ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)၏ ပြောခွင့်ရဆလိုင်းလျန်မှုန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
လက်ရှိ ချင်းလဲန်အစိုးရကာကွယ်ရေးပူးပေါင်းတပ်မှ ပြုလုပ်နေသော ထန်တလန် operation ကို Jacod operation ဟု ခေါ်ဆိုခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်နေ့မှ စတင်၍ ပွိုင့် ၃ စခန်းကုန်းကို ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ချင်းလဲန်အစိုးရကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သော ပွိုင့် ၃ စခန်းကုန်းမှ စက်သေနတ်တစ်လက်အပါအ၀င် သေနတ် ခြောက်လက်နှင့် ခဲယမ်းအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။
Photo-ကျဆုံးသွားသော CDF-လောက်တူ၏ ဒုရင်းမှူးနှင့် ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိသော လက်နက်များ။
#ဟားခါး #ထန်တလန်အကြား #ပွိုင့် ၃ #စခန်းကုန်းသိမ်းတိုက်ပွဲ #CDFလောက်တူ #ဒုတပ်ရင်းမှူးကျဆုံး #ကျော်သန်းအောင် #Ayeyarwaddy_Times