
ဧရာဝတီတိုင်းမ်ရက်
နိုဝင်ဘာ ၂၇
အမေရိကန် ကင်းလှည့်လေယာဉ်တစ်စင်း အင်္ဂါနေ့က ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ပျံသန်းခဲ့ ရာ တရုတ်နိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။
P-8A Poseidon လေယာဉ်ဟာ ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် နိုင်ငံတကာလေပိုင်နက်ကို ပျံ သန်းခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ နိုင်ငံအားလုံးရဲ့ ရေကြောင်းဆိုင်ရာ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကို စောင့် ထိန်းလိုက်နာကြောင်း၊ အမေရိကန်လေယာဉ် ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ပျံသန်းတာဟာ လွတ် လပ်၊ ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်လာရေး ကတိကဝတ်ကို ဖော်ပြနေတယ်လို့ အမေရိကန်ရေ တပ်က ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ မှတ်ချက်စကားက ဉပေဒေနဲ့မညီညွတ်ဘဲ ပြည်သူတွေကို စိတ်ရှုပ်ထွေးစေ ကာ နိုင်ငံတကာကို အထင်လွဲစေခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။
အမေရိကန်နိုင်ငံက တရုတ်နိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ကာကွယ်စောင့် ရှောက်မှုကို မနှောက်ယှက်ဖို့ မိမိတို့ တိုက်တွန်းတယ်လို့ တရုတ်စစ်တပ်က ဆိုပါတယ်။
အမေရိကန်နဲ့တရုတ်ဟာ ဒီလအစောပိုင်းမှာ ကာကွယ်ရေးဝန်ကြီးအဆင့် အစည်းအဝေးကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
အစည်းအဝေးမဖြစ်မြောက်တာ အမေရိကန်နိုင်ငံမှာ လုံးလုံးလျားလျား တာဝန်ရှိပြီး အမေရိကန် နိုင်ငံရဲ့ ထိုင်ဝမ်အရေး တုံ့ပြန်မှုကြောင့် ပြောပါတယ်။
ထိုင်ဝမ်အရေးမှာ ဝင်ရောက်စွက်ဖက်ခံမှာမဟုတ်ဘဲ ထိထိရောက်ရောက် လက်တုံ့ပြန်မယ်လို့ ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ တရုတ်နိုင်ငံက သတိ ပေးပါတယ်။
ကိုးကား – NHK
Ref; US Navy patrol aircraft flies through Taiwan Strait, drawing backlash from China
#Ayeyarwaddy_Times