ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၇ ရက်

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှ မီသာဖက်တမင်းဆေးပြား ၅ ဒသမ ၅ တန် မှောင်ခိုသယ် လာတဲ့ ငါးဖမ်းလှေတစ်စင်းကို ဖမ်းဆီးရမိခဲ့ရာ ပမာဏအများဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်တယ် လို့ သိရပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) မှ ကင်းထောက်လေယာဉ်တစ်စင်းဟာ အိန္ဒိယနဲ့မြန်မာနိုင်ငံ ကြား ကပ္ပလီပင်လယ်ပြင်မှာ သံသယဖြစ်ဖွယ်ရာ တံငါလှေတစ်စင်းကို တွေ့ရှိခဲ့ပါတယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ရေယာဉ်တစ်စင်းဟာ တနင်္ဂနွေနေ့မနက်ပိုင်းမှာ အိန္ဒိယရေပိုင် နက်အတွင်း ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၆) ဉီး တင်ဆောင်လာတဲ့ ငါးဖမ်းလှေကို ဖမ်းဆီးခဲ့ပါ တယ်။

အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေက ငါးဖမ်းလှေမှ တားမြစ်ထားတဲ့ မူးယစ်ဆေးဝါး မီသာဖက် တမင်း ကီလိုဂရမ် ၅၅၀၀ ဖမ်းဆီးရမိခဲ့တာကြောင့် အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ (ICG) မှ ပမာဏအများ ဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်ပါတယ်။

စစ်တပ်က ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖြုတ်ချကာ အတိုက်အခံတွေအပေါ် ဖြိုခွင်းမှုတွေ ပြုလုပ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်ခဲ့ရပါတယ်။

တရုတ်နဲ့ထိုင်းနိုင်ငံမှတစ်ဆင့် ကုန်းမြေလမ်းကြောင်းတွေမှာ တင်းကျပ်သော စစ်ဆေးမှုတွေကို ရှောင်ရှားဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်သူတွေဟာ မူးယစ်ဆေးမှောင်ခိုကူးရာမှာ စက်လှေတွေကို ပိုမို အ သုံးပြုလာပါတယ်။

အိန္ဒိယနိုင်ငံက ဖမ်းဆီးရမိတဲ့ မီသာဖက်တမင်းဆေးပြားတွေရဲ့တန်ဖိုးဟာ ဒေါ်လာသန်းချီ တန် ကြေးရှိတယ်လို့ သိရပါတယ်။

ကိုးကား – AFP
Ref; India makes largest-ever drug bust after intercepting fishing boat carrying 5.5 tonnes of Myanmar meth

#Ayeyarwaddy_Times