ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၆ ရက်

ရုရှားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်သစ်တွေကို ကြားဖြတ်ဟန့်တားနိုင်တဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ ကူညီပေးကြဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက တောင်းဆိုလိုက်ပါတယ်။

ရုရှားနိုင်ငံက ကြာသပတေးနေ့မှာ Oreshnik လို့ခေါ်တဲ့ ဒုံးကျည်တစ်မျိုးနဲ့ တိုက်ခိုက်ပြီးနောက် ၎င်းက တနင်္ဂနွေနေ့မှာ အခုလို မေတ္တာရပ်ခံခဲ့တာပါ။

“ဒုံးကျည်အသေးစိတ်ကို ဖော်ထုတ်ဖို့နဲ့ ရုရှားတိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ကျွမ်းကျင်သူတွေက လက်ရှိမှာ အထောက်အထားတွေကို ခွဲခြမ်းစိတ်ဖြာနေပါတယ်။ အခုလိုမျိုး ခြိမ်းခြောက်မှုတွေကို တန်ပြန် နိုင်စွမ်းရှိတဲ့ ဒုံးခွင်းစနစ်တွေ ကမ္ဘာကြီးမှာ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ တစ်ပတ်အတွင်း ကီလိုမီတာ ၂၀၀ အထိ ချီတက်နိုင်ဖွယ်မရှိဘူးလို့ ယူကရိန်း ကာကွယ်ရေးဉီးစီးချုပ်ဟောင်း ဗယ်လာရီဇာလူဇညီက ပြောပါတယ်။

ဒရုန်းလိုမျိုး လက်နက်သစ်တွေက စစ်မြေပြင်မှာ ရုရှားစစ်သားတွေရဲ့ လှုပ်ရှားမှုကို ဟန့်တားနေ တယ်လို့ သူက ထောက်ပြပါတယ်။

ဒီနှစ်အတွင်း တတိယကမ္ဘာစစ် စတင်ခဲ့ပြီဖြစ်ကြောင်း၊ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားနိုင် ငံသို့ စေလွှတ်ခဲ့တဲ့အပြင် ယူကရိန်းကို တိုက်ခိုက်ဖို့ မြောက်ကိုရီးယားနဲ့ အီရန်စစ်လက်နက်တွေကို အသုံး ပြုနေတယ်လို့ ၎င်းက ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားတပ်ဖွဲ့က တောင်ပိုင်းဒေသ မိုင်ကိုလက်ဗ်ရှိ စွမ်းအင်ဆိုင်ရာ အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး ဇာပိုရီဇီယာမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုးကား – NHK
Ref; Zelenskyy calls for cooperation to intercept new Russian missile

#Ayeyarwaddy_Times