
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
သူသာ သတ်ဖြတ်ခံရလျင် သမ္မတ၊ သမ္မတကတော်နဲ့ အခြားထိပ်တန်း တာဝန်ရှိသူတွေကို သတ် ဖြတ်ဖို့ လုပ်ကြံသတ်ဖြတ်သူတစ်ဉီးကို ငှားရမ်းထားတယ်လို့ ဖိလစ်ပိုင်ဒုတိယသမ္မတ ဆာရာဒူတာတေး က ကြေညာလိုက်ပါတယ်။
သူ့ကို အရင်ဆုံး အန္တရာယ်ပြုလာရင် သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာကို သတ်ဖြတ်မယ်လို့ အွန် လိုင်းသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆာရာဒူတာတေးက ကတိပေးခဲ့ပါတယ်။
ခြိမ်းခြောက်မှုတွေကြောင့် သမ္မတအတွက် လုံခြုံရေးအစီအမံတွေ တိုးမြှင့်ထားတယ်လို့ သမ္မတ ရုံး လုံခြုံရေးအဖွဲ့က ပြောပါတယ်။
“သမ္မတနဲ့ သမ္မတကတော်မိသားစုအပေါ် ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ ဥပဒေစိုးမိုးရေး အေဂျင်စီတွေနဲ့ ကျွန်တော်တို့ အနီးကပ် ညှိနှိုင်းဆောင်ရွက်နေပါတယ်” လို့ သမ္မတရုံး လုံခြုံရေးအဖွဲ့က ဆိုပါတယ်။
မားကို့စ်နဲ့ဒူတာတေးတို့ဟာ ၂၀၂၂ ခုနှစ်၊ မေလ ရွေးကောက်ပွဲမှာ အတူယှဉ်ပြိုင်ခဲ့ကြပြီး အမျိုး သားစည်းလုံးညီညွတ်ရေး မဲဆွယ်မှုနဲ့အတူ သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ပါတယ်။
သို့သော်လည်း တောင်တရုတ်ပင်လယ်အတွင်း တရုတ်ရဲ့ရန်စမှုတွေ၊ အခြားအရေးပါတဲ့ကိစ္စရပ် တွေနဲ့ပတ်သက်လို့ မူဝါဒပိုင်း သဘောထားကွဲလွဲပြီးနောက် မားကို့စ်နဲ့ဒူတာတေးကြား အမြင်မတူမှုတွေ ရှိလာခဲ့ပါတယ်။
မားကို့စ်နဲ့ လွှတ်တော်ဥက္ကဌ မာတင်ရိုမာဒက်ဇ်တို့က အဂတိလိုက်စားမှု၊ ညံ့ဖျင်းမှုနဲ့ သူ့ရဲ့မိသား စု၊ ထောက်ခံသူတွေကို နိုင်ငံရေးအရ ဖိနှိပ်မှုရှိနေတယ်လို့ ဒူတာတေးက စွပ်စွဲခဲ့ပါတယ်။
မားကို့စ်ဟာ သမ္မတတစ်ဦးအနေနဲ့ အရည်အချင်းမပြည့်ဝဘဲ လူလိမ်တစ်ဦးသာဖြစ်တယ်လို့ အွန် လိုင်းသတင်းစာရှင်းလင်းပွဲမှာ ဒူတာတေးက ပြောပါတယ်။
ဖိလစ်ပိုင်ဥပဒေအရ လူပုဂ္ဂိုလ်တစ်ဉီး သို့မဟုတ် သူ့မိသားစုအပေါ် ခြိမ်းခြောက်မှုပြုလုပ်ပါက ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်နိုင်ပါတယ်။
ကိုးကား – Fox News
Ref; Philippine vice president makes public assassination threat against country’s president
#Ayeyarwaddy_Times