
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၄ ရက်
နိုဝင်ဘာလ ၂၀ ရက်က ယူကရိန်းစစ်တပ်ရဲ့ Storm Shadow ဒုံးကျည်တိုက်ခိုက်မှုတစ်ခုဟာ ရု ရှားနိုင်ငံအနောက်ပိုင်း၊ ကာတ်စ်ဒေသ၊ မာရီနိုကျေးရွာရှိ ကွပ်ကဲရေးဌာနကို ထိမှန်ခဲ့ရာ မြောက်ကိုရီး ယားတပ်ဖွဲ့ဝင် ၅၀၀ ခန့် သေဆုံးခဲ့ပါတယ်။
ရုရှားစစ်တပ်အရာရှိ (၁၈) ဉီးနဲ့အတူ မြောက်ကိုရီးယားစစ်သား ၅၀၀ ခန့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ Global Defense Corp ရဲ့ ပြောကြားချက်အရ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ၂၀၁၄ ခုနှစ် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်အတွင်း အမှတ် (၁) တပ် မဟာကို ကွပ်ကဲခဲ့တဲ့ ဗိုလ်ချုပ် ဗယ်လာရီဆိုလိုချော့ခ်လည်း ပါဝင်ပါတယ်။
ယူကရိန်းရဲ့ ဒုံးကျည်တိုက်ခိုက်မှုကြောင့် မြောက်ကိုရီးယား အမျိုးသမီးစစ်ဘက်အရာရှိ (၂)ဦး အပါအဝင် တပ်ဖွဲ့ဝင် (၃) ဉီးနဲ့ ရုရှားတပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုဟာ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ရဲ့နေအိမ်ကို ပစ်မှတ်ထားခဲ့တာလို့ ယူဆရ ကြောင်း၊ အဆိုပါကွပ်ကဲရေးဌာနချုပ်ကို ယခင်က ရုရှားနဲ့မြောက်ကိုရီးယားတပ်မှူးတေွ အသုံးပြုခဲ့တယ် လို့ Defense Express သတင်းဌာနက ဖော်ပြပါတယ်။
ယူကရိန်းစစ်တပ်က ဗြိတိန်နိုင်ငံ ထောက်ပံ့ပေးထားတဲ့ Storm Shadow ဒုံးကျည်အသုံးပြုပြီး ပထမဆုံးအကြိမ် တိုက်ခိုက်တာဖြစ်ပါတယ်။
ကိုးကား – Korea Times
Ref; Storm Shadow Strike Reportedly Kills 500 North Korean Soldiers and 18 Russian Officers in Kursk Region
#Ayeyarwaddy_Times