
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်
မြန်မာစစ်ကောင်စီဟာ အတိုက်အခံတပ်ဖွဲ့တွေထံ ဆုံးရှုံးသွားတဲ့ ကျေးရွာတွေအပေါ် တိုက်ခိုက် မှုတွေ အရှိန်မြှင့်နေပြီး ခေါင်းဖြတ်သတ်ခြင်း၊ အုပ်စုလိုက်မုဒိမ်းကျင့်ခြင်းနဲ့ နှိပ်စက်ကလူပြုခြင်းတို့ ပြု လုပ်နေကာ ကျူးလွန်ခံရသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးပြည်သူတွေ ပါဝင် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးက အစီရင်ခံစာသစ်တစ် ခုမှာ ပြောပါတယ်။
မြန်မာစစ်ကောင်စီဟာ စစ်ရေးရှုံးနိမ့်မှုတွေနဲ့ နယ်မြေဆုံးရှုံးမှုတွေကို အရပ်သားတွေအပေါ် ခေတ်မီလက်နက်တွေနဲ့ တိုက်ခိုက်ခြင်း၊ မထိန်းချုပ်နိုင်တော့တဲ့မြို့တွေကို ဖျက်ဆီးခြင်းနဲ့ လက်တုံ့ပြန်ခဲ့ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ကုလသမဂ္ဂ အ ထွေထွေညီလာခံကိုတင်ပြတဲ့ အစီရင်ခံစာမှာ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ထံ စစ်လက်နက်၊ လက်နက်ပစ္စည်းနဲ့ လေယာဉ်ဆီ လွှဲပြောင်းပေးခြင်းအား ဖြင့် ကမ္ဘာ့နိုင်ငံအစိုးရတွေက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်မြှင့်လာတာကို ထောက်ကူနေတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီထံ စစ်လက်နက်စီးဆင်းမှု ရပ်တန့်ခြင်း၊ အကူအညီလိုအပ်တဲ့ သန်းနဲ့ချီတဲ့ပြည်သူ တွေထံ လူသားချင်းစာနာမှု အကူအညီပေးအပ်မှု တိုးမြှင့်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို တာ ဝန်ခံစေရေး ကြိုးပမ်းခြင်းအားဖြင့် လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းဖို့ သူက ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီက ၂၀၂၅ ခုနှစ်နှောင်းပိုင်းမှာ ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်တာဟာ တရားဝင် မှုရရှိဖို့နဲ့ နိုင်ငံတကာရဲ့ဖိအား လျှော့စေဖို့ လိမ်လည်မှုတစ်ခုသာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာစစ်တပ်စာ အရပ်သား ၅၈၀၀ ကျော်ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀၀၀၀ ကျော်ကို ဖျက် ဆီးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၂၀၀၀ ကျော်ကို ချုပ်နှောင်ထားဆဲလို့ သူက ပြောပါတယ်။
ကိုးကား – Daily Mail
Ref; UN expert: Myanmar’s desperate military ramps up attacks including beheadings, rapes and torture
#Ayeyarwaddy_Times