ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၂၃ ရက်

တရုတ်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေးအရ အရေးယူရင် အမေရိကန်နိုင်ငံက တရုတ်နဲ့ နျူကလီး ယားစစ်မဖြစ်အောင် ရှောင်ကြဉ်သင့်ကြောင်း ကျွမ်းကျင်သူတွေက ပြောကြားတယ်လို့ အမေရိကန်အဖွဲ့ အစည်းတစ်ခုရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ထိုင်ဝမ်နဲ့ယူကရိန်းကို စစ်ရေးနည်းလမ်းတွေနဲ့ သိမ်းပိုက်ဖို့ကြိုးပမ်းနေတဲ့ တရုတ်နဲ့ရုရှားရဲ့ အာ ရှ-ပစိဖိတ်နဲ့ ဉရောပတိုက်မှာ အမေရိကန်နိုင်ငံရဲ့မဟာမိတ်တွေကို နျူကလီးယား တိုက်ခိုက်မှုတွေ ပြု လုပ်လာနိုင်တယ်ဆိုတဲ့ ပညာရှင် (၅) ဉီးရဲ့ တုံ့ပြန်မှုတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာကို ဝါရှင်တန်မြို့တော်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန ရှိ နျူကလီးယားပြဿနာများ စီမံကိန်းက တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို စစ်ရေးနည်းလမ်းနဲ့ သိမ်းပိုက်ပါက အမေရိကန်နိုင်ငံက တရုတ်နဲ့ နျူ ကလီးယားစစ်မဖြစ်အောင် ရှောင်ကြဉ်သင့်တယ်လို့ ပညာရှင်အားလုံးက သဘောတူပေမယ့် အခြား မ ဟာဗျူဟာမြောက်ရည်မှန်းချက်တွေကိုတော့ သဘောမတူပါဘူး။

ဉရောပတိုက်နဲ့ အာရှ-ပစိဖိတ်ဒေသမှာ နျူကလီးယားတင်းမာမှုတွေ မြင့်တက်နေစဉ် ယခုအစီ ရင်ခံစာကို ထုတ်ပြန်ခဲ့တာပါ။
နျူကလီးယားအင်အားကြီးတိုင်းပြည်က ထောက်ခံတဲ့ ဘယ်နိုင်ငံကမဆို ရုရှားနိုင်ငံအပေါ် သ မားရိုးကျတိုက်ခိုက်ရင် နျူကလီးယား အသုံးပြုပြီး လက်တုံ့ပြန်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အ ပြောင်းအလဲတွေ ပြုလုပ်ခဲ့ပါတယ်။

ရုရှားနိုင်ငံအတွင်းပိုင်းကို တာဝေးပစ် အမေရိကန်ဒုံးကျည်တွေနဲ့ ယူကရိန်းကို တိုက်ခိုက်ခွင့်ပြုဖို့ အမေရိကန်နိုင်ငံက ဆုံးဖြတ်ခဲ့ပါတယ်။

တရုတ်စစ်တပ်ဟာ စက်တင်ဘာလအတွင်း နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ DF-31AG တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ခဲ့ရာ ဆယ်စုနှစ် (၄) ခုကျော်အတွင်း ပထမဆုံးအ ကြိမ် စမ်းသပ်မှုဖြစ်ပါတယ်။

တရုတ်နိုင်ငံကလည်း ထိုင်ဝမ်ကို တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်ပြီး အင်အားသုံးသိမ်းပိုက်ဖို့ ဝန်မလေးဘူးလို့ ကြေညာထားပါတယ်။

ကိုးကား – South China Morning Post
Ref; US must avoid ‘uncontrollable escalation’ into nuclear war with China and Russia, report says

#Ayeyarwaddy_Times