
ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
ထိုင်ဝမ်ကို ထောက်ခံအားပေးရာမှာ စည်းလေးခု မကျော်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိ ကန်နိုင်ငံကို မေတ္တာရပ်ခံလိုက်ပါတယ်။
ထိုင်ဝမ်အရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးစနစ်နဲ့ ဖွံ့ဖြိုးတိုး တက်မှု အကျိုးစီးပွားတွေဟာ တရုတ်နိုင်ငံရဲ့ အနီရောင်မျဉ်းလေးခုဖြစ်တယ်လို့ ရှီကျင့်ဖျင်ကို ကိုးကားပြီး နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဖော်ပြပါတယ်။
ပီရူးနိုင်ငံ၊ လီးမားမြို့တော်မှာကျင်းပတဲ့ အေပက်ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးပန်းအဖြစ် အမေရိ ကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တွေ့ဆုံချိန်မှာ သူက အခုလို သတိပေးခဲ့တာလို့ သိရပါတယ်။
အမေရိကန်နိုင်ငံအနေနဲ့ နှစ်နိုင်ငံအငြင်းပွားမှုတွေမှာ မစွက်ဖက်သင့်သလို တောင်တရုတ်ပင် လယ်တွင်း ရန်လိုမှုအပြုအမူတွေကို မထောက်ခံသင့်ဘူးလို့ ၎င်းက ထောက်ပြပါတယ်။
အဆိုပါအချက်တွေက တရုတ်-အမေရိကန် ဆက်ဆံရေးမှာ အရေးပါဆုံး အာမခံမှုတွေဖြစ်တယ် လို့ ရှီကျင့်ဖျင်က မီးမောင်းထိုးပြခဲ့ပါတယ်။
ထိုင်ဝမ် တာဝန်ရှိသူတွေရဲ့ ခွဲထွက်ရေးအပြုအမူတွေကို သူက ရှုတ်ချခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်း ရေးနဲ့ လုံခြုံမှုရှိရေး တန်ပြန်လုပ်ဆောင်မယ်လို့ ပြောပါတယ်။
ကိုးကား – SANA
Ref; Chinese President calls on US not to cross ‘Four Red Lines’ in relations with Beijing
#Ayeyarwaddy_Times