ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် မြန်မာ နိုင်ငံမှ ထွက်ခွာလာသည့် ရိုဟင်ဂျာ ၇၀ ဦးကို ထိုင်းအာ ဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၃၀ ဦးအထိ ပါဝင်ကြောင်း သိရသည်။

သူတို့ကို ကနဦး မေးမြန်းခဲ့တာမှာ မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကို သွားမယ့် မြန်မာနိုင်ငံက မူဆလင်တွေလို့ ပြောတယ် ဟု ဖန်းင ရဲတပ်ဖွဲ့မှူး Somkane Phothisri က ပြောဆိုထားသည်။

ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာ အယောက် ၇၀ အနက် ကလေးငယ်များကိုမူ လူမှုဖွံ့ဖြိုးရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ စောင့်ရှောက်ပေးထားကြောင်း သိရသည်။

“သူတို့က ရိုဟင်ဂျာတွေလား နိုင်ငံထဲ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေလား ဆိုတာ ကျွန်တော်တို့ မဆုံးဖြတ်နိုင်သေးပါဘူး” ဟု ဖန်င အုပ်ချုပ်ရေးမှူး Supoj Rodrung na Nongkhai ကလည်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

ရိုဟင်ဂျာအများစုသည် သစ်သားလှေများကိုအသုံးပြုကာ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် တို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများသို့လည်းကောင်း၊ မူဆလင် အများစုနေထိုင်သည့် မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံများသို့လည်းကောင်း ထွက်ခွာရန်ကြိုးပမ်းလေ့ရှိသည်။

ထိုသို့ ထွက်ခွာရာတွင် ပင်လယ်ရေငြိမ်သည့် အချိန်များဖြစ်သည့် အောက်တိုဘာမှ ဧပြီအတွင်း သွားရောက်ရန် နှစ်စဉ် ကြိုးပမ်းလေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာကလည်း ရိုဟင်ဂျာ ရာနှင်​့ချီပါလာသည့် လှေများမှာ အင်ဒိုနီးရှားနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ကြောင်းကိုလည်း နိုင်ငံတွင်း သတင်းမီဒီယာများထံက သိရသည်။

ကိုးကား – Bangkok Post

Refs; Thailand detains 70 illegal migrants believed to be Rohingya from Myanmar

#Ayeyarwaddy_Times