ဧရာ၀တီတိုင်းမ်
နို၀င်ဘာ ၁၇ ရက်

အာဏာသိမ်းစစ်ကောင်စီတပ်များက ရှမ်းပြည်နယ်နှင့် ကယား (ကရင်နီ) ပြည် နယ်စပ်ဒေသရှိ ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့်အတွက် အခြားသော တော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းခုခံတိုက်ခိုက်နေကြောင်း ကယန်းအမျိုးသားတပ်မတော် – KNA က ယနေ့ သတင်းထုတ်ပြန်သည်။

ကယန်းအမျိုးသားတပ်မတော် – KNA ကို ကယန်းတော်လှန်ရေးအင်အားစုများက ဦးဆောင်ကာ လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသတို့မှ တော်လှန်ရေး အင်အားစုများဖြင့် ပြီးခဲ့သည့်အောက်တိုဘာ ၂၉ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။

KNA တပ်မတော်က ဖက်ဒရယ်ဒီမိုကရေစီရေးအတွက် စစ်ကောင်စီကို တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကယန်းဒေသသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို ခုခံ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မြေပြင်စစ်ရေးသင်းရင်းမြစ်များက ‌ပြောသည်။

ဓာတ်ပုံ – Kayan National Army
#Ayeyarwaddy_Times #KNA #ကယန်းဒေသ