ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုးဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တယ်လီဖုန်းမှတစ်ဆင့် တိုက်ရိုက် ဆွေးနွေးမှုတွေပြုလုပ်ကာ ယူကရိန်းမှ ရုရှားတပ်ဖွဲ့တွေ ဆုတ်ခွာပေးဖို့နဲ့ ရုရှားနိုင်ငံက တာ ရှည်ခံသော ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းလိုတဲ့ဆန္ဒ ပြသပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

အိုလက်ဖ်ရှိုးက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချကာ စစ်ပွဲကို အဆုံးသတ်ကာ တပ်ဖွဲ့ တွေ ရုတ်သိမ်းပေးဖို့ ပူတင်ကို တောင်းဆိုခဲ့တယ်လို့ ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူ စတက်ဖန်ဟက် ဘီစထရိတ်က ပြောပါတယ်။

ရုရှားကျူးကျော်စစ် ရှိနေသရွေ့ ယူကရိန်းသို့ ပံ့ပိုးကူညီဖို့ ဂျာမနီနိုင်ငံက မဆုတ်မနစ် စိတ်ပိုင်း ဖြတ်ထားတယ်လို့လည်း အိုလက်ဖ်ရှိုးက ထပ်လောင်းအတည်ပြုခဲ့တယ်လို့ သူက ဆိုပါတယ်။

အိုလက်ဖ်ရှိုးက ပူတင်နဲ့ မဆွေးနွေးမီ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ ဖုန်းမှတစ်ဆင့် စကားပြော ဆိုခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ပူတင်နဲ့ပတ်သက်လို့ ဘယ်လိုပြုမူဆောင်ရွက်ရမယ်ဆိုတာနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကို ယူကရိန်းက နားလည်တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ဉရောပသမဂ္ဂဟာ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့တာကို စွန့်ပယ်ရမှာဖြစ်ပြီး မဟုတ်ပါက စီးပွားရေးပြိုလဲမှု ရင်ဆိုင်ရမယ်လို့ ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က နိုင်ငံပိုင်ရေဒီယို အင်တာ ဗျူးတစ်ခုမှာ ပြောပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ဉရောပသ မဂ္ဂနဲ့ အနောက်နိုင်ငံမိတ်ဖက်တွေက ရုရှားနိုင်ငံနဲ့ ပူတင်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အမြောက်အများ ပြု လုပ်ခဲ့ပါတယ်။

ကိုးကား – AFP
Ref; Germany’s Scholz speaks with Putin, demands Russia withdraw from Ukraine

#Ayeyarwaddy_Times