ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၇ ရက်

မြောက်ကိုရီးယားရဲ့ ရန်စမှုတွေနဲ့ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံတဲ့အနေနဲ့ ရုရှားနဲ့ စစ် ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှုကို ကိုင်တွယ်ဖြေရှင်းရာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က အ ပြုသဘောဆောင်တဲ့ အခန်းကဏ္ဍမှ ပါဝင်ပေးဖို့ တောင်ကိုရီးယားသမ္မတ ယိုဆတ်ခ်ယိုက တောင်းဆို လိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေနဲ့ ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်မှုနဲ့ပတ် သက်လို့ စိုးရိမ်မှုတွေ မြင့်တက်နေစဉ် ပီရူးနိုင်ငံ၊ လီးမားမြို့တော်မှာကျင်းပတဲ့ အေပက်ထိပ်သီးဆွေးနွေး ပွဲမှာ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံစဉ် ယိုဆတ်ခ်ယိုက တောင်းဆိုခဲ့တာလို့ လက်ထောက် အမျိုးသားလုံခြုံရေးအ ကြံပေး ကင်တေးဟိုက ရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

“မြောက်ကိုရီးယားရဲ့ ထပ်တလဲလဲ ရန်စမှုတွေ၊ ယူကရိန်းစစ်ပွဲ၊ ရုရှားနဲ့မြောက်ကိုရီးယားကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တုံ့ပြန်မှုအဖြစ် ဒေသတွင်း တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေး မြှင့် တင်ရာမှာ နှစ်နိုင်ငံစလုံးက ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” လို့ ယိုဆတ်ခ်ယိုက ပြောပါတယ်။

လုံခြုံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ ပြည်သူအချင်းချင်း အပြန်အလှန်လည်ပတ်မှုတွေလို နယ် ပယ်တွေမှာ တရုတ်နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ဖို့ အရေးပါတဲ့ တိုင်းပြည်တစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံစ လုံးက အပြန်အလှန် လေးစာသမှု၊ ဘုံအကျိုးစီးပွားကို အခြေခံပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင် ရွက်မှု မိတ်ဖက်အဖြစ် တိုးမြှင့်သွားဖို့ မျှော်လင့်ပါကြောင်း သူက ဆိုပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုမြင့်တက်တာကို တရုတ်နိုင်ငံက အလိုမရှိဘူးလို့ ရှီကျင့်ဖျင်က ပြောကြားပြီး နိုင်ငံရေးအဖြေရှာဖို့ တွေ့ဆုံဆွေးနွေးမှု၊ စေ့စပ်ညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောအဖြေရှာ ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပါဝင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ (၂) နှစ်အတွင်း ကမ္ဘာနဲ့ ဒေသတွင်းအခြေအနေတွေ ပြောင်းလဲခဲ့ပေမယ့် တရုတ်-တောင် ကိုရီးယား ဆက်ဆံရေးမှာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“အခြေအနေတွေ ဘယ်လိုပြောင်းလဲပါစေ နှစ်နိုင်ငံစလုံးက သံတမန်ဆက်ဆံရေးကို လိုက်နာပြီး အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုကို စောင့်ထိန်းကာ အပြန်အလှန် အကျိုးကျေးဇူးနဲ့ သာယာဝပြောမှု ရည် မှန်းချက်ကို စောင့်ထိန်းသင့်တယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Yonhap
Ref; Yoon asks China’s Xi to play ‘constructive’ role in N. Korea’s provocation, military cooperation with Russia

#Ayeyarwaddy_Times