ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၃ ရက်
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့သွားရောက်တဲ့ မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူ ၂၄ ဦး၊ ထိုင်းလူမျိုး ယာဉ်မောင်းတစ်ဦးနဲ့ မြန်မာပွဲစားတစ်ဦးကို အင်္ဂါနေ့က ဟတ်ယိုင်ခရိုင်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ အင်္ဂါနေ့မ နက်ပိုင်းက ဟတ်ယိုင်ခရိုင်ရှိ လမ်းမကြီးတစ်ခုမှာ ပစ်ကပ်ကားတစ်စင်းကို တားဆီးရာ အသက် ၇၀ နှစ် အရွယ် ထိုင်းလူမျိုးယာဉ်မောင်းနဲ့ မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းသွားလာသူ (၃) ဦးကို ဖမ်းဆီးမိ ခဲ့ပါတယ်။
မြန်မာနိုင်ငံမှ တရားမဝင် ဝင်ရောက်သူ (၃) ဦးကို တွေ့ဆုံဖို့ မော်တော်ဆိုင်ကယ်နဲ့ ရောက်ရှိလာ တဲ့ အသက် ၂၅ နှစ်အရွယ် မြန်မာလူမျိုးတစ်ဉီးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
အဆိုပါမြန်မာနိုင်ငံသားရဲ့အလုပ်မှာ တရားမဝင် ဝင်ရောက်သူတွေကို မလေးရှားနိုင်ငံရောက်ချိန် အထိ စောင့်ရှောက်ပေးဖို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ သိရပါတယ်။
ကွင်းဆက်သတင်းအရ ဟတ်ယိုင်မြို့ရှိ နေအိမ် (၃) လုံးကို ရှာဖွေမှုတစ်ခု ပြုလုပ်ခဲ့ရာ မလေးရှား နိုင်ငံသို့သွားရောက်ပြီး အလုပ်လုပ်ကိုင်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံမှ တရားမဝင် လာရောက်သူ (၂၁) ဦးကို တွေ့ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှ တရားမဝင် လာရောက်သူတွေကို ဆူရတ်သာနီမှ ဟတ်ယိုင်မြို့သို့ တစ်ဉီးလျင် ဘတ် ၁၅၀၀ နှုန်းနဲ့ ပို့ဆောင်ပေးတယ်လို့ ထိုင်းလူမျိုးယာဉ်မောင်းက ထွက်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံသားအားလုံးနဲ့ ထိုင်းယာဉ်မောင်းကို ဥပဒေအရ အရေးယူဖို့ ရဲစခန်းမှာ ထိန်းသိမ်း ထားပြီး နယ်စပ်ဖြတ်ကျော် လူမှောင်ခိုဂိုဏ်းကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
ကိုးကား – Bangkok Post
Ref; Illegal migrants caught heading for jobs in Malaysia
#Ayeyarwaddy_Times