ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၈ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်-မုဒုံသွားလမ်းမကြီး၊ ရိုးဂိုး ကျေးရွာလမ်းဝရှိ စက်သုံးဆီဆိုင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့ ညနေ၅ နာရီဝန်းကျင်တွင် ရိုးဂိုးမင်းသန့်ဆီဆိုင်အတွင်း ရပ်ထားသည့် ဆီသယ်ယာဉ်စတင်မီးလောင်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်‌ဆောင်သူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဆီသယ်ယာဉ်မောင်းမှာ ရရှိဒဏ်ရာဖြင့်သေ ဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့ထံက သိရသည်။

“မီးငြိမ်းတဲ့လုပ်ငန်းစဉ်တွေ အပြီးသတ်ခါနီးမှ ထပေါက်ကွဲတာ။ ဆီသယ်ယာဉ်ကနေပေါက်တာ။ အဲဒီကမီး ကိုငြှိမ်းနေကြတာ။ ကယ်ဆယ်ရေးသမား ၂၁ ဦးဒဏ် ရာရကုန်တယ်”ဟု မော်လမြိုင်မြို့ရှိ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

အဆိုပါဆီဆိုင် မီးလောင်မှုတွင် နှစ်နာရီကျော်မီးငြိမ်းသတ်ခဲ့ရပြီးနောက် ရုတ်တရက်ဆီသယ်ယာဉ် ပေါက်ကွဲမှုကြောင့် မီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးနှင့် ဆီသယ်ယာဉ်မောင်း သူတစ်ဦး စုစုပေါင်း ၂၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကယ်ဆယ် ရေးအဖွဲ့ဝင်များ၏ အခြေအနေအသေးစိတ်ကို မသိရှိရသေးဘဲ ဆီသယ်ယာဉ်မောင်းဖြစ်သူမှာ ရရှိဒဏ်ရာ များကြောင့် ယနေ့ နိုဝင်ဘာ ၈ ရက်နံနက် ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ပုံစာ-ရိုးဂိုးမင်းသန့်ဆီဆိုင်ရှိ ဆီသယ်ယာဉ် မီးလောင်နေသည်ကို ဝိုင်းဝန်းငြှိမ်းသတ်နေစဉ်
#မွန် #မော်လမြိုင် #ရိုးဂိုး #ဆီဆိုင် #မီးလောင် #ကယ်ဆယ်ရေးအဖွဲ့ဝင် #၂၁ဦး #ဒဏ်ရာရ #Ayeyarwaddy_Times