(မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံဖို့ အစွမ်းကုန် ကြိုးပမ်းမယ်လို့ မင်းအောင်လှိုင် ကတိပြု)

ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၇ ရက်

အိမ်နီးချင်း သံခင်းတမန်ခင်းအရ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို အရေးကြီးတယ် လို့ သတ်မှတ်ထားပြီး တိုင်းပြည်အခြေအနေနဲ့ သင့်လျှော်တဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း ရွေးချယ်မှုမှာ အမြဲ ပံ့ပိုးကူညီမယ်လို့ ဝန်ကြီးချုပ် လီကျင်းက ပြောပါတယ်။

နိုဝင်ဘာလ (၆) ရက်မှ (၇) ရက်အထိ ယူနန်ပြည်နယ်၊ ကူမင်းမြို့တော်မှာ (၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်နေတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နဲ့ တွေ့ဆုံစဉ် သူက အခုလို မှတ်ချက်ပြုတာပါ။

“နိုင်ငံရေး ပြန်လည်ရင်ကြားစေ့ရေးနဲ့ အသွင်ကူးပြောင်းမှုမှာ တရုတ်က မြန်မာကို ထောက်ခံပြီး ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုမူဘောင်အရ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက် ရေးမှာ မြန်မာနဲ့ လက်တွဲဆောင်ရွက်ဖို့ အသင့်ရှိတယ်” လို့ လီကျင်းက ပြောပါတယ်။

ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ အပြန်အလှန် လည်ပတ်မှုတွေ လုပ်ဆောင်ဖို့နဲ့ အွန်လိုင်းလောင်းကစားနဲ့ ကျားဖြန့်လိုမျိုး နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုတွေကို ပူးတွဲ ဖြိုခွင်းဖို့ ၎င်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံရေး လုပ် ဆောင်ဖို့ မျှော်လင့်တယ်လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးမှာ တန်ဖိုးကြီးမားသော အကူအညီပေးအပ်မှုနဲ့ သဘာဝဘေးအန္တရာယ်တွေ တုံ့ပြန်မှုအတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိတယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး မြှင့်တင်မှုမှာ တရုတ်နိုင်ငံရဲ့ အပြုသဘောဆောင်တဲ့ အ ခန်းကဏ္ဍကို မြန်မာက အသိအမှတ်ပြုပြီး တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ စီမံကိန်းတွေ ဘေး ကင်းလုံခြုံရေး အစွမ်းကုန် လုပ်ဆောင်မယ်လို့ သူက ကတိပြုပါတယ်။

ကိုးကား – Xinhua
Ref; Myanmar important in China’s neighborhood diplomacy: Chinese premier

#Ayeyarwaddy_Times