ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

ဒေါ်နယ်ထရမ့်ဟာ အမျိုးသမီးတွေကို မုန်းတီးတဲ့ ဖိုဝါဒီတစ်ဉီးဆိုတာ သိရမယ်ဆိုရင် ဘယ်အမျိုး သမီးမှ အံ့အားသင့်မှာ မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ရဲ့ ပထ မဆုံး အမျိုးသမီးသမ္မတ ဖြစ်လာတော့မယ့် ဟီလာရီကလင်တန်ကို အနိုင်ရရှိခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်အစိုးရဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို လျှော့ချခဲ့ပါတယ်။ ဒေါ်နယ်ထရမ့် ခန့်အပ်ခဲ့တဲ့ တရားရုံးချုပ် တရားသူကြီးတွေက ၂၀၂၂ ခုနှစ်မှာ Roe နဲ့ Wade ရဲ့အမှုကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ ၁၉၉၀ ပြည့်နှစ်တွေက အီးဂျင်းကာရိုးကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခဲ့တယ်လို့ တရားသူကြီးအဖွဲ့က ပြီးခဲ့တဲ့နှစ်အတွင်း တွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးတွေက သူ့ကို နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ အမျိုးသမီးတွေကို ကာကွယ်ပေးမယ်လို့ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ ကတိကဝတ်တစ်ခု မဟုတ်ဘဲ ခြိမ်းခြောက်မှုတစ်ခုသာဖြစ်ပါတယ်။ သူ့ရဲ့မှတ်ချက်စကားကြောင့် ကာမဲလာဟားရစ်အတွက် ဒီသမ္မတရွေးကောက်ပွဲမှာ အမျိုးသမီးတွေ အနိုင်ရနိုင်လားဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် လိင်ပိုင်းဆိုင်ရာ ကွာဟချက်တစ်ခု ရှိနေဆဲဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်နောက်ပိုင်း သမ္မတ ရွေးကောက်ပွဲတိုင်းမှာ အမျိုးသမီးတွေက ဒီမိုကရက် ကိုယ်စားလှယ်လောင်းကို ဉီးစားပေးမဲပေးခဲ့ပေမယ့် လူဖြူအမျိုးသမီးတွေက တစ်ကြိမ်သာ ဒီမိုကရက်ကိုယ်စားလှယ်လောင်းကို မဲပေးခဲ့ပါတယ်။ လူဖြူအမျိုး သမီးတွေဟာ အကြီးမားဆုံး မဲဆန္ဒရှင်တွေဖြစ်ပြီး မဲပေးသူတွေရဲ့ (၃၀) ရာခိုင်နှုန်းခန့် ရှိပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ လူဖြူအမျိုးသမီးတွေက ဟီလာရီကလင်တန်ထက် ဒေါ်နယ် ထရမ့်ကို ပိုပြီး မဲပေးခဲ့ကြသလို လူဖြူအမျိုးသမီး (၅၃) ရာခိုင်နှုန်းက သူ့ကို ထောက်ခံခဲ့ကြပါတယ်။ နှိုင်း ယှဉ်ကြည့်ပါက လူမည်းအမျိုးသမီး (၉၅) ရာခိုင်နှုန်းနဲ့ စပိန်စကားပြော အမျိုးသမီး (၆၁) ရာခိုင်နှုန်းက ဂျိုး ဘိုင်ဒင်ကို မဲပေးခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ လူဖြူအမျိုးသမီးတွေက ကာမဲလာဟားရစ်ကို မဲပေးဖွယ်ရှိနေတဲ့ လက္ခဏာ တွေ တွေ့ရပါတယ်။ စက်တင်ဘာလအတွင်းက စစ်တမ်းတစ်ခုမှာ ကာမဲလာဟားရစ်က ထောက်ခံမှု (၄၂) ရာခိုင်နှုန်း ရရှိခဲ့ပြီး ဒေါ်နယ်ထရမ့်က (၄၀) ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ ကိုယ်ဝန်ဖျက်ချခွင့် ပယ်ချခံရမှု ကြောင့် ၂၀၂၂ ခုနှစ် သက်တမ်းဝက်ရွေးကောက်ပွဲမှာ မျှော်မှန်းထားတဲ့အတိုင်း ဖြစ်မလာဖို့ အမျိုးသမီးတွေ က ခန့်မှန်းနေကြပါတယ်။

အမျိုးသမီးတွေရဲ့ အသက်ဘေးအပေါ် ဂယက်ရိုက်ခတ်မှုတွေ ပိုမို များပြားလာပါတယ်။ ဒေါ်နယ် ထရမ့် ရွေးကောက်ပွဲမှာ အနိုင်ရရှိရင် အခြေအနေတွေ ပိုဆိုးလာနိုင်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ မှတ်ချက် စကားတွေပြောပြီး အမျိုးသမီးတွေကို ကာကွယ်ပေးဖို့ ဒေါ်နယ်ထရမ့်က ကတိပြုသလို ရွှေ့ပြောင်းအခြေ ချသူတွေ အဆင်ပြေအောင်လုပ်ဆောင်ပေးဖို့ ပြောလာပြန်ပါတယ်။

ဒေါ်နယ်ထရမ့်သာ ပြန်လည်ရွေးကောက်ခံရပါက ကိုယ်ဝန်ဆောင်ဖျက်ချခွင့်ကို အမျိုးသမီးတွေ က စဉ်းစားမှာမဟုတ်ပါဘူး။ သမ္မတရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲတွေမှာလည်း ဒေါ်နယ်ထရမ့်ဟာ ကာမဲလာဟားရစ်ကို ရည်ညွှန်းပြီး လိင်ပိုင်းဆိုင်ရာ၊ လူမျိုးရေးခွဲခြားတဲ့ ကြမ်းတမ်းသော စကားလုံးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ကို ထောက်ခံတဲ့ ငယ်ရွယ်သော အမျိုးသားတွေကပင် သမ္မတရွေးကောက်ပွဲမှာ မဲပေးဖွယ်မရှိပါဘူး။ ဒေါ်နယ်ထရမ့်ကို မဲပေးသူတွေဟာ ရွေးကောက်ပွဲမှာ မည်သူအနိုင်ရသည်ဖြစ်စေ ထင်ဟပ်မှုမရှိပါဘူး။ ဒါပေမယ့် ဒေါ်နယ်ထရမ့်ကို မလိုလားတဲ့ ကာမဲလာဟားရစ်ကို မဲပေးမယ့်သူတွေဟာ သေချာပေါက် ဒေါ်နယ်ထရမ့်ကို အနိုင်မရှိစေချင်ပါဘူး။

ဒါကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးသူတွေက ဆန္ဒမဲတွေကို လျှို့ဝှက်ထားမယ်လို့ အခိုင်အ မာပြောတာဖြစ်ပါတယ်။ ယခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲဟာ အမျိုးသမီးတွေရဲ့အခွင့်အရေးကို ရွေးချယ်ဖို့ဖြစ်လာတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

The Guardian သတင်းစာပါ အယ်ဒီတာ့အာဘော် The Guardian view on the US election and women: what’s different this time? ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။

#အမေရိကန်သမ္မတရွေးကောက်ပွဲ #အမျိုးသမီးအခွင့်အရေး #Ayeyarwaddy_Times