ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၅ ရက်

မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့သတင်းတွေနဲ့ ယူကရိန်းစစ်ပွဲ အရှိန် မြှင့်လာမှာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အလွန် စိုးရိမ်နေတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“ပဋိပက္ခဇုန်ကို ဖြန့်ကြက်နိုင်တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ရုရှားနိုင်ငံကို စေလွှတ်တယ်ဆို တဲ့ သတင်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က အလွန် စိုးရိမ်နေပါတယ်” လို့ ကုလ သမဂ္ဂ အကြီးအကဲရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ပြောပါတယ်။

“မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားကို စေလွှတ်တာ အလွန်အန္တရာယ်ကြီးမားတဲ့ ယူကရိန်းစစ်ပွဲ ကို ပြင်းထန်လာစေနိုင်ပါတယ်။ ပဋိပက္ခ အရှိန်မြှင့်လာတာကိုရှောင်ရှားဖို့ အရာအားလုံး လုပ်ဆောင်ရပါ မယ်” လို့ သူက ထုတ်ပြန်ချက်တစ်ခုအတွင်း သတိပေးခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ တာရှည်ခံသော၊ အားလုံးပါဝင်သော ငြိမ်းချမ်းရေးရရှိဖို့ အဓိပ္ပာယ်ရှိတဲ့ ကြိုး ပမ်းမှုအားလုံး လုပ်ဆောင်ကြဖို့ အန်တိုနီယိုဂူတာရက်စ်က တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀၀၀၀ ဝန်းကျင်ဟာ ရုရှားနိုင်ငံ၊ ကာတ်စ်ဒေသမှာ ရောက်ရှိနေပြီ လို့ အမေရိကန်အစိုးရရဲ့ ပြောကြားချက်အရ သိရပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ဝန်းကျင် ရုရှားနိုင်ငံမှာ ရောက်ရှိနေပြီး ရုရှားစစ်ဝတ်စုံတွေ ဝတ်ဆင်ပြီး လက်နက်တွေကိုင်ဆောင်ထားတဲ့ တပ်ဖွဲ့ဝင် ၇၀၀၀ ကျော်ကို ယူကရိန်းနယ်စပ်အနီးမှာ တပ်စွဲထားတယ်လို့ ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေကို စစ်မြေပြင်သို့ မပို့ဆောင်နိုင်အောင် ၎င်းတို့ကို လေ့ကျင့်ပေးနေ တဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခွင့်ပြုဖို့ ယူကရိန်းသမ္မတ ဇီလန်စကီးက မဟာမိတ်တွေထံမှ ခွင့်ပြုချက်ရ ရှိဖို့ ကြိုးပမ်းနေပါတယ်။

“မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးနေတဲ့ ရုရှားနိုင်ငံတွင်းက စစ်စခန်းတွေကို လက်ဉီးမှုရယူပြီး တိုက်ခိုက်ရပါမယ်။ ဒါပေမယ့် မြောက်ကိုရီးယားစစ်တပ်က ယူကရိန်းပြည်တွေအပေါ် စတင်တိုက်ခိုက်ချိန်အထိ အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီတို့က စောင့်ကြည့်နေပါတယ်” လို့ သူက ဆိုပါ တယ်။

တောင်ကိုရီးယားက ရုရှားနိုင်ငံရောက် မြောက်ကိုရီးယားတပ်ဖွဲ့ရဲ့ ပါဝင်မှုနဲ့ ရုရှားထံမှ မြောက် ကိုရီးယားနိုင်ငံရရှိတဲ့ အကျိုးအမြတ်တွေကို စောင့်ကြည့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ်က ပြောပါတယ်။

ကိုးကား – Independent
Ref; UN chief ‘very concerned’ about reports of North Korean soldiers in Russia for deployment in Ukraine

#Ayeyarwaddy_Times